ဦးခေါင်း (Head)- ယနေ့ကာလ၌ ဦးခေါင်းဟုဆိုလျှင် စဉ်းစားဉာဏ်သာ ဆက် ကြသည်။ သိုသော် ကျမ်းစာခေတ်ကာလ၌ ထိုသို မဟုတ်ပါ။ ဦးခေါင်းကိုခန္ဓာကိုယ်၏ အမြင့်ဆုံးနှင့် အဓိကအစိတ်အပိုင်းအဖြစ် သတ်မှတ်ကြသည်။  ကျမ်းစာတွင် ဦးခေါင်းသည် ခေါင်းဆောင်မှုနှင့် ဩဇာအာဏာ(ထွ ၆း၁၄၊ ဟေရှာ ၇း၈)၊ မြင့်မားမှု(ဆာ ၂၄း၇)နှင့် အသက်၏ အရင်းအမြစ်ပြသသည်။ အကယ်၍ ခေါင်းမရှိလျှင် မည်သူမျှ အသက်မရှင်နိုင်(၁ရာ ၁၇း၅၁၊ မ ၁၄း၈)။

ခရစ်တော်သည် အမိန့်အာဏာဟူသမျှ၏ ဦးခေါင်းဖြစ်သည်(ဧ ၁:၂၂)။ ထိုသဘောဖြင့် အနက်ကောက် လျှင် ခရစ်တော်၏ သူ၏ ခန္ဓာကိုယ် တည်းဟူသော အသင်းတော်၏ ဦးခေါင်းဖြစ်သည်။ ခရစ်တော်နှင့် သူ့အသင်း တော်အကြား နီးစပ်ပေါင်းစည်းမှုကို ပြသ၍ ကိုယ်တော်သည် အသင်းတော်၏ စွမ်းအား၊ အသက်နှင့် ကြီးထွားခြင်းအကြောင်းဖြစ်သည်(ကော ၂း၁၉၊ ဧ ၄း၁၅)။