အာလဖ ( Alpha ) – ဂရိအက္ခရာ၏အစဖြစ်၍ ဩ‌မေဃသည် အဆုံးဖြစ်၏။ ငါသည် အာလဖ ဖြစ်၏။ ဩမေဃလည်း ဖြစ်၏။ အစနှင့်အဆုံးလည်း ဖြစ်၏ဟူသော (ဗျာ ၂၁း၆၊၂၂း၁၃) စာပိုဒ်ကိုထောက်သဖြင့် ၎င်း၏လေးနက်သော အဓိပ္ပာယ်သည် ထင်ရှား၏။ ဟေရှာယ ၄၁း၄ နှင့် နှိုင်းယှဉ်ပါ။ ဂရိလူမျိုး၊ ဟေဗြဲလူမျိုးနှင့် ရောမလူမျိုးတို့အားလုံးပင် အက္ခရာကို သင်္ချာအမှတ်အသားအတွက် သုံးစွဲလေ့ရှိကြ၏။

Related Entries