အာရုန် (Arron) – အာရုန်သည် ဣသရေလလူများအား အဲဂုတ္တုပြည်မှ ကတိတော်မြေ နယ်စပ်တိုင်အောင် ဦးဆောင်သော မောရှေ၏ အစ်ကိုဖြစ်သည်။ မောရှေ၏ စကား ပြောရေးဆိုခွင့်ရှိသည်(ထွ ၄း၁၄-၁၆)။ ဘုရားရှင်က သူ့ကို ဣသရေလ တို၏ ပထမဆုံး ယဇ်ပုရောဟိတ်ကြီးအဖြစ် ခန့်အပ်သည်။ သူ့သားများသည် ရှေ့တော်၌ ဣသရေလလူများကိုယ်စား လျှောက်လဲနာယူခွင့်ရှိကြသည်(တော ၃း၁၀၊ ၅ရာ ၆း၄၉)။ ဓမ္မဟောင်းယဇ်ပုရော ဟိတ်များသည် အာရုန်၏ သားစဉ် မြေးဆက်ဖြစ်ကြပြီး ကိုယ်လက်အင်္ဂါ စုံလင်သူဖြစ်ကြသည်(ဝတ် ၂၁း၁၆-၂၃)။

ဣသရေလလူတဦးဦးသည် ယဇ်ပူဇော်စရာရှိလျှင် ယဇ်ပုရောဟိတ်ထံ အကူအညီယူရသည်။ ယဇ်ပုရောဟိတ်က တဲတော်၊ နောက်ပိုင်းတွင် ဗိမာန်တော်ထဲ၌ ယဇ်ပူဇော်ပေးသည်။ အာရုန်နှင့် သူ့နောက်မှ ယဇ်ပုရောဟိတ်ကြီး များသည် အပြစ်ဖြေရာနေ့တွင် အသန့်ရှင်းဆုံးဌာနတော် ကျက်သရေဆောင် ထဲသို ဝင်ရောက်ပြီး ဣသရေလတမျိုးသားလုံးကိုယ်စား သိုးသငယ်(ယော ၁း၂၉၊ ဟေဗြဲ ၉း ၂၈)သွေးဖြင့် ရှေ့တော်၌ ယဇ်ပူဇော်ရသည်(ဟေဗြဲ ၉း၁၁)။ ယခု အခါတွင်မူ ခရစ်တော်က အာရုန်၏ ယဇ်ပုရောဟိတ်အရေးအရာအား အပြီး အစီး လုပ်ဆောင်ပြီးသောကြောင့် မည်သည့်ယဇ်ပုရောဟိတ်ကြီးမျှ မလိုအပ်တော့သကဲ့သို့ အပြစ်များ ဖုံးအုပ်ရန် ယဇ်ပူဇော်ခြင်းလည်း မလိုအပ်တော့ပါ (ဟေဗြဲ ၁၀း၁၈)။

ယဇ်ပုရောဟိတ်အကြောင်းမှာလည်းကြည့်။

Related Entries