အာမင် (Amen)- ဟေဗြဲစကားရပ်ဖြစ်၍ “မှန်ပေစွ၊ သေချာပေစွ၊ သာဓု”ဟု အနက် ရသည်။ စာပေကျမ်းဂန်အရ ဓမ္မသာဝနံစကားလုံးဖြစ်သည်။ တရားဟောဆရာ၏ ဟောပြောချက်အား တရားနာပရိသတ်က ဘဝင်ခိုက် ကျေနပ်ကြသည့်အခါ အာမင်ဟု လိုက်ဆိုလေ့ရှိကြောင်း ကျမ်းစာတွင် တွေ့ရသည်(၃ရာ ၁း၃၆)။ ဆုတောင်း ရာတွင်၎င်း၊ ဆုတောင်းသူ၏ ဆုတောင်းချက်အား ပရိသတ်များက သဘောတူထောက်ခံကြသည့်အခါ အာမင်ဟု ကျယ်လောင်စွာ လိုက်ထူးကြသည် (၅ရာ ၁၆း၃၆)။ ဆုတောင်းနေစဉ် အရေးကြီးစကား၊ သမ္မာတရား တူညီချက်၌လည်း အာမင်ဟု လိုက်ဆိုလေ့ရှိကြသည်။ သခင်ယေရှုက စကားတော်စတင်ရာ၌ သုံးနှုန်းလေ့ ရှိသည်။ “ငါအမှန်ဆိုသည်ကား”(AV ကျ မ ၅:၁၈၊ ၆း၂၊ ၅ ကိုကြည့်)ဟူသော စကားမျိုးဖြစ်သည်။

Related Entries