အာဗြဟံရင်ခွင် (Abraham’s bosom)- ဤစကားရပ်ကို လု ၁၆း ၂၂၊ ၂၃ ပါ သခင်ယေရှု၏ သူကြွယ်နှင့် လာဇရုပုံဥပမာ၌ တွေ့ရသည်။ ယုဒပွဲ တော်များတွင် လူများသည် စားပွဲနား၌ လဲလျောင်းကြသည်။ သဘောမှာ မိမိထက်ကြီးမြတ်သူ၏ ရင်ခွင်သို့ လဲလျောင်း မှီကိုးခြင်း အမှတ်လက္ခဏာဖြစ်သည်။ အထူးသဖြင့် ဧည့်သည်တော်သည် အိမ် ရှင်၏ရင်ခွင်၌ လဲ လျောင်းခေါင်းအုံးလေ့ရှိသည်(ယော ၁၃း၂၃ ကိုကြည့်)။

အာဗြဟံ၏ ဘေး၌ လာဇရုရှိနေခြင်းသည် ပရဒိသုဘုံရှိ ပွဲတော်တွင် ဦးစားပေးမြှောက်စားမှု ခံရခြင်း ဖြစ်သည်။ ထိုအပြုအမူသည် လူ့လောက ဘဝနှင့်၄င်း၊ ထိုသူကြွယ်၏ ထာဝရချမ်းသာရေးနှင့်၄င်း ဖီလာဆန့် ကျင်သည် (လု ၁၆း၂၆)။

Related Entries