အာဒံသည် ပထမဆုံး လောကလူသားဖြစ်ကြောင်း က ၁–၄ တွင် တွေ့ရသည်။ ဖန်ဆင်းခံရစဉ်တွင် အပြစ်ကင်းစင်သော်လည်း စုံစမ်းခြင်းခံရ သောအခါ အပြစ်လွန်ကျူးသည်(က ၃)။ ထိုသို အပြစ်လွန်ကျူး သောကြောင့် နောင်လာနောက်သားများသည် အပြစ်မျိုးရိုးဖြစ်သွားကြပြီး ထိုအပြစ်၏ အကျိုး ဆက်ကြောင့် သေဆုံးကြရသည်(ရော ၅း၁၂၊ ၁၉)။ ဟေဗြဲဘာသာစကားတွင် အာဒံဟူသောစကားသည် လူသတ္တဝါဟု အနက်ရသည်။
၁ကော ၁၅း၄၅ တွင် ခရစ်တော်ကို နောက်ဆုံးအာဒံဟုဆိုသည်။ ဆိုလိုသည်မှာ အာဒံသည် အဟောင်း၊ အပြစ်ဇာတိ၊ လူ့သဘောသဘာဝ၏ ဦးခေါင်းဖြစ်သကဲ့သို သခင်ယေရှုသည် အသစ်၊ ရွေးနှုတ်ခံလူတို၏ ဦးခေါင်း ဖြစ်သည်။ လူ့ဇာတိအရ ပထမအာဒံ၏ သားမြေးစဉ်ဆက်တို့သည် အပြစ် ဒုစရိုက်နှင့် သေရွာသို့ မွေးဖွားသူများ ဖြစ်ကြသည် ခရစ်တော်ထဲ၌ အသစ်မွေး ဖွားသူသည် အပြစ်ကင်းစင်သောကြောင့် ဘုရားရှင်၏ မိသားစု ဝင်ဖြစ်သည်။
