ဘုရားတရားသမားများသည် ကျမ်းစာလာအတိုင်း မရှိဆင်းရဲသား ချိုတဲ့သူများကို သနားကြင်နာကြ၍ လိုအပ်ချက်များ ကူညီပေးသနားလေ့ ရှိကြသည်(တရား ၁၅း၁၁၊ ယာ ၂း၁၅)။ တိရစ္ဆာန်ဖြင့် ယဇ်ပူဇော်ခြင်း ရပ်နား သည့်နောက်ပိုင်းတွင် ယုဒလူများအတွက် အလှူဒါနသည် အရေးကြီးဆုံး ဘာသာရေးအစဉ် အလာ ဖြစ်သည်။ မြိုပြပြည်ရွာတိုင်း၌ အလှူဒါနကောက်ခံပြီး မရှိဆင်းရဲသားများသို ငွေကြေးနှင့် စားစရာပေးလှူသူ အရာရှိများ ခန့်အပ်လေ့ရှိသည်။
ထိုသို့ပေးလှူရာ၌ စေတနာသဒ္ဓါ ကြည်လင်ဖြူစင်ရကြောင်း သခင် ယေရှုက တပည့်တော်များသို့ သွန်သင်သည်(မ ၆း၂–၄)။ ထိုကြောင့် ကနဦး အသင်းတော်ကာလ၌ မရှိဆင်းရဲသားများကို ဂရုစိုက်ကြသည်(တ ၄း၃၄)။ မေတ္တာတော်ခံစားနေရကြောင်း သဘောပေါက်သူတိုင်း မရှိဆင်းရဲသားများ အား စာနာသနားကြ သည်(၁ယော ၃း၁၇)။
