AV ကျမ်းမူတွင်သာ ထိုစကားလုံး တွေ့ရ၍ NIV ကျမ်းမူတွင် “ယုံကြည်သူများဘက်မှ ချေပပြော ဆိုပေးသူ” ဟုဆိုသည်။ ဂရိစကားရပ်တွင် paraclete ဖြစ်သည်။ ပုဒ်ရင်းအနက်မှာ ရပ်တည်ပေးသူဟု အနက်ရသည်။ အကျိုးဆောင်ဆိုသည်မှာ တစုံတဦးက အခြားတစုံတဦးအား အပြစ်တင်ပြော ဆိုသောအခါ ပြောဆိုခံရသူဘက်မှ ပြန်လည်ချေပ ပြောဆိုပေးသူဖြစ်သည်။
၁ယော ၂း၁ တွင် ခရစ်တော်ကို ခရစ်ယာန်များ၏ အကျိုးဆောင် ဟုဆိုသည်။ ဓမ္မသစ်ကျမ်းတွင် တရားရုံး၌ စွပ်စွဲခံရသူဘက်ရှိ ရပ်တည်ပေးသူ မိတ်ကောင်းဆွေသဟာအဖြစ် မကြာခဏ ဆိုထားသည်။ ထိုကဲ့သိုပင် ခမည်း တော်ဘုရားရှေ့၌ ခရစ်တော်က ယုံကြည်သူများအား သူ၏ မိတ်ဆွေများဖြစ် ကြောင်း ရပ်တည်ကွယ်ကာပေးသည်။ သူ၏ အသက်ကိုနှင်း၍ ကွယ်ကာပေး ခြင်းဖြင့် အပြစ်များ ဖြေရှင်းပေး ခဲ့ပြီးကြောင်း ဆိုလိုသည်။
ထိုစကားလုံးကို ယော ၁၄–၁၆ တွင် တိုင်ပင်ဖော် တိုင်ပင်ဘက်ဟု ပြန်ဆိုထားသည်။ ဤနေရာမှ ထိုတိုင်ပင်ဖော် တိုင်ပင်ဘက်သည် သန့်ရှင်း ဝိညာဉ်တော်ဖြစ်၍ ခရစ်ယာန်များကို ကူညီမစသူဖြစ်သည်။ ခရစ်ယာန်များကို သွန်သင်သည်(ယော ၁၄း၂၆)။ တချိန်လုံး ခရစ်တော်အကြောင်း ပြောပြ၍ ခရစ်တော် အကြောင်း သက်သေခံသူများသိုလည်း ခွန်အားပေးသည်(ယော ၁၅း၂၆၊ ၂၇)။ လူ့လောကရှိ အပြစ်တ ရားစီရင်ခြင်းနှင့် ဖြောင့်မတ်ခြင်း အကြောင်းများကိုလည်း နားလည်စေသည်(ယော ၁၆း၈–၁၁)။
