ဤစကားလုံးကို ရှင်ပေါလု၏ ဩဝါဒစာများတွင်သာ တွေ့ရသော် လည်း ထိုသဘောနိယာမကို ကျမ်းစာတအုပ်လုံး၌ တွေ့ရသည်။ (ဥပမာ ထွ ၄း၂၂၊ ၁ယော ၃း၁)။ ခရစ်ယာန်သည် အပြစ်၏ကျေးကျွန်မှ ဘုရားသားသမီးသို့ ပြောင်းလဲရောက်ရှိသည်(ဂလာ ၄:၃–၅)။ ထိုသို ဘုရားသားဖြစ်သွားရခြင်း သည် ခရစ်တော်အားဖြင့် ထာဝရကာလဆိုင်ရာ ဘုရားရှင်၏ အစီအမံတော် ဖြစ်သည်(ဧ ၁း၅)။ ထိုသို့ သားဖြစ်သွားသူသည် ဘုရားသခင်ကို ခမည်းတော် ဟု ခေါ်ဆိုခွင့်ရသည်သာမက(ရော ၈း၁၅) ကောင်းကင်အမွေ ခံစားရသည် (ရော ၈း၁၇)။ ထိုသို သားအရာရရှိသူသည် ယုံကြည်ခြင်းသစ္စာရှင်ဖြစ်သည် နှင့်အညီ ရှင်ပြန်ထ မြောက်သည့်အခါ ဘုန်းတန်ခိုးရှိသော ထမြောက်ခန္ဓာကိုယ် ပိုင်ဆိုင်သည်။
