ရုပ်တုဘုရားတု (Idolatry)- သမ္မာကျမ်းစာက စိုးစဉ်းမျှပင် မတွေဝေဘဲ ရုပ်တုဆင်းတု ဘုရားတုကို ဆန့်ကျင်ခိုင်းသည်။ ရုပ်တု ဘုရားတုကို ရှိခိုးခြင်းသည် ဘုရားရှင်ကို မယုံကြည် ခြင်း၊ ဘုရားရှင်ကို တိုက်ခိုက်သည့် အဆိပ်အတောက် မှီဝဲခြင်းဖြစ်သည်။ ဓမ္မဟောင်းကျမ်းတွင် အစအဦးမှစ၍ ရွေးကောက်တော်မူသော ဣသရေလလူ မျိုးက ရုပ်တုဘုရားတုကို ကိုးကွယ်ခြင်းဖြင့် ဘုရားရှင်ကို ဆန့်ကျင်ကြသော အခါ ပြည်နှင်ဒဏ် ခံခဲ့ကြသည်။
ရုပ်တုဘုရားတုသည် လူ့လက်လုပ်ဖြစ်၍ တစုံတရာမျှ မစွမ်းဆောင် နိုင်(ဟေရှာ ၄၀း၁၉၊ ၂၀)။ ထိုသို ဘာတခုမျှ မစွမ်းဆောင်နိုင်သည့် မိမိတို့ လက်လုပ်အရုပ်များကို ပြန်လည်ကိုးကွယ်ခြင်းသည် မိုက်ကန်း ကုန်ပါဘိ(ယေ ၂း၅)။ အခြားဝတ်ပြုကိုးကွယ်လာသူများကိုလည်း ယုတ်ညံ့စေကြပြီး(ယေဇ ၂၂း၄) လိမ်လည် ကြကာ မိမိကိုယ်ကိုလည်း လှည့်စားကြသည်(ဇာ ၁၀း၂)။ ဣသရေလသမိုင်းကြောင်းက ရုပ်တုကိုးကွယ် သူများ၏ စိတ်သဘောထား ယုတ် ညံ့ပုံများ ပြောပြသည်။ )
ဣသရေလတို့၏ ဘုရားသခင်က လူမျိုးတကာအပေါ်သို ကြီးစိုးလွှမ်း မိုးသည်(ဟေရှာ ၄၁း၁-၄)။ ထိုကြောင့် အချည်းနှီးရုပ်တုဘုရားတုများသည် ဘုရားရှင်တော်၏ ဂုဏ်တော်အား ခိုးယူနိုင်စွမ်းမရှိကြ(ဟေရှာ ၄၂း၈)။ ပညတ် တော်ဆယ်ပါးမှ ပထမအချက်(၂)ခုတွင် အခြားဘုရားများ မကိုးကွယ်ရန်နှင့် ကိုးကွယ်စရာ ရုပ်တုဘုရားတုများ မပြုလုပ်ရန် တားမြစ်ထားသည်။ ဣသရေလ လူမျိုးသည် သူတိုခေတ်ကာလမှ လူမျိုးတကာတို့အလယ်တွင် ရုပ်တုဘုရားတု မကိုးကွယ်သောလူမျိုးအဖြစ် ထင်ရှားသည်။
ဓမ္မသစ်ကျမ်းတွင်လည်း ဓမ္မဟောင်းကျမ်းနည်းတူ သွန်သင်သည်။ ရုပ်တုဘုရားတု ကိုးကွယ်ခြင်းသည် ဘုရားစစ်ဘုရားမှန်အား ကိုးကွယ်ရန် လမ်းလွဲသွေဖီခြင်းဖြစ်သည်(ရော ၁း၂၁-၂၃)။ ရုပ်တုဘုရားတုများသည် လူ့ လက်လုပ် လူ့လက်ရာများဖြစ်သောကြောင့်(တ ၁၇း၂၉) မှန်သောလုပ်ရပ် မဟုတ်(၁ကော ၈း၄)။ တစုံတရာမှ မစွမ်းဆောင်နိုင်ကြ(ဗျာ ၉:၂၀)သည့် အပြင် ဝိညာဉ်ဆိုးများက လူများကို လိမ်ညာကြသည်(၁ကော ၁၀း၁၉၊ ၂၀)။ ထိုသို့ဖြင့် ကိုယ်ကျင့်တရားစိတ်ထား ပျက်ပြားစေကြသည်(ကော ၃း၅)။