ယုံကြည်ခြင်းသစ္စာ (Faith)- ယုံကြည်ခြင်းမရှိလျှင် မည်သူမျှ ခရစ်ယာန်မဖြစ်နိုင်။ မယုံကြည်ခြင်း သည် အကြီးမားဆုံး ဒုစရိုက် ဖြစ်သောကြောင့် ဘုရားရှင်၏ အပြစ်စီရင်ခြင်း ခံရသည်(ယော ၃း၁၈)။ အပြစ်သားသည် ဘုရားရှင်ကို ယုံကြည်ခြင်းတရား ဖြင့်သာ ဘုရားရှင်တော်နှင့် သင့်မြတ်နိုင်သည်။ ကောင်းမှုကုသိုလ်၊ အကျင့် သီလကောင်း ခြင်းဖြင့် မသင့်မြတ်နိုင်(ဂလာ ၂း၁၆)။ ခရစ်ယာန်မှန်လျှင် ခရစ်တော်ကို ယုံကြည်ခြင်းဖြင့် အသက်ရှင်သန် ရသည်(ဂလာ ၂း၂၀)။

ကျမ်းစာလာအရ ဘုရားသခင်ရှိတော်မူကြောင်း ယုံကြည်စိတ်ချရလျှင် ကတိတော်အတိုင်း ခံစားရ မည်(ဟေဗြဲ ၁၁း၆)။ ယုံကြည်ခြင်းဆိုသည်မှာ ဘုရား ရှင်တော်အကြောင်း ကြားသိသမျှကို သိမှတ်စိတ်ချခြင်း ဖြစ်သည်(ရော ၁၀း၁၇၊ ဟေဗြဲ ၁၁း၁)။ ထိုသိုဆိုရာတွင် မိမိကိုယ်ကို အထင်ကြီးပြီး အားကိုးရန်မဟုတ် ဘဲ ကရုဏာတော်ကို တည်မှီရသည်(ဧ ၂း၄-၈၊ ဆာ ၅၁း၁)။ ဘုရားရှင်ကို ယုံကြည်စိတ်ချခြင်းက သူ့ဘဝတခုလုံးကို အုပ်စိုးသည်(ရော ၁း၈၊ ၁၂၊ ဂလာ ၅:၅၊ ၂တိ ၁း၅)။

အရေးကြီးတကာ့ အရေးကြီးဆုံးမှာ ပုဂ္ဂိုလ်ရေးရာအရ ဘုရားသခင် (သု ၃း၅)နှင့် သားတော် ယေရှုခရစ်တော်(ယော ၁၄း၁၊ တ ၁၆း၃၁)တို့အား ယုံကြည်စိတ်ချခြင်းဖြစ်သည်။ ထိုသို ယုံကြည်ရကြောင်း နှုတ်ကပတ်တော်မှာ ကျမ်းစကားရှိသည်(ဆာ ၁၁၉၄၁)။ ထိုအပြင် ခရစ်တော်၏အကြောင်းကို လည်း ယုံကြည်ကိုးစားရသည်(ရော ၁၀း၉)။

စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားရှင်ကို နာခံသည်။ ထိုသို့သော ယုံကြည်ခြင်းကို ယုံကြည်ခြင်းအ တုအယောင်များက နှုတ်လှန်မထိုးနိုင်ကြ ခရစ်ယာန်အတုအယောင်များသည် ခရစ်ယာန်သွန်သင်ချက်ကို သဘောတူ နာခံကြသော်လည်း အသက်တာ၌ အရိပ်အယောင်မျှပင် မတွေ့ရ။ နတ်ဆိုး များကလည်း ဘုရားရှင် ကို ယုံကြည်ကြသည်(ယာ ၂း၁၈-၂၄)။ စစ်မှန်သော ယုံကြည်ခြင်းသည် နာခံခြင်းရှိသည်( ၂း၈-၁ဝ၊ ဟေဗြဲ ၁၀)။ အသက်တာ ဖြင့် စံနမူနာပြသသည်။ စစ်မှန်သော ယုံကြည်သူသည် မိမိကိုယ်ကို ဘုရား ရှင်ထံ အပ်နှံသည်။ ထိုသိုသော ယုံကြည်ခြင်းသာလျှင် တခုတည်းသော အသက် ရှင်သန်ရာ မဂ္ဂင်လမ်းဖြစ်သည်။

ဓမ္မသစ်ကျမ်းတွင်လည်း ယုံကြည်ခြင်းဟူသော စကားရပ် မကြာခဏ တွေ့ရသည်။ ထိုစကားလုံးသည် ဘုရားသခင်၊ ခရစ်တော်နှင့် ခရစ်ယာန် အသက်တာ၊ ခရစ်ယာန်ယုံကြည်ခြင်းသစ္စာအကြောင်းဖြစ်သည်(တ ၆း၇၊ ဂလာ ၁း၂၃)။ ယုံကြည်ခြင်းပထမအမျိုးအစားမှာ ပုဂ္ဂိုလ်ရေးအရ ဘုရားရှင်ကို ယုံကြည်ခြင်းဖြစ်၍ ဒုတိယအမျိုး အစားမှာ ဘုရားရှင်က သူ့လူများသို နှုတ် ကပတ်တော်ဖြင့် သွန်သင်ချက်များအား မှန်ကန်ကြောင်း ယုံကြည် စိတ်ချခြင်း၊ ဖြစ်သည်။

Related Entries