ယုတ်ညံ့ပျက်စီးခြင်: (Abomination of desolation) – ဒံ ၁၁း၃၁ ပါ ဒံယေလ၏ ပရောဖက်ပြုချက်ကို မှတ်မိကြရန် သခင် ယေရှုက တပည့်တော်များသို့ ပြန်လည်သတိပေးသည်(မာ ၁၃း၁၄)။ ထိုသို့သော ယုတ်ညံ့ပျက်စီးခြင်းကို ဘုရားရှင်က၄င်း၊ ဘုရားရှင်၏ လူများက၄င်း၊ ရွံရှာမုန်းတီးကြသည်။ ဗိမာန်တော်ထဲ၌ ထိုသိုသော ယုတ်ညံ့ခြင်းမရှိစေရန် နေ့စဉ် ယဇ်ပူဇော် ရသည်(ဒံ ၁၁း၃၁)။

ဘီစီ ၁၆၇ ခု၊ ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ဂရိဘုရင် စတုတ္ထအန္တိချဒ် မင်းသည် အသန့်ရှင်းဆုံး ဌာနတော် ထဲသို ဝင်ရောက်ပြီး မီးရှိရာယဇ်ပလ္လင် ပေါ်၌ ရုပ်တုဘုရားတု မီးရှိရာယဇ်ပလ္လင် ဆောက်လုပ်သည်။ ထိုသိုဖြင့် ယုဒ လူများအား ဂရိဇာတ်သွင်းသည်။ ထိုအချိန်မှစ၍ မက္ကဘီတော်လှန်ရေး ပေါ် ပေါက်လာသည်။

ခရစ်တော်က တပည့်တော်များသို ထိုသိုသောအချိန်ရောက်မည့် အကြောင်း သတိပေးခဲ့သည်။ ရှင်ပြန် ထမြောက်တော်မူပြီး နှစ်ပေါင်း(၃၀)ကျော်၊ အေဒီ ၆၆ ခုနှစ်တွင် ယုဒလူများက ရောမလူများကို ပုန်ကန်ဆန့်ကျင် ကြသည်။ အေဒီ ၇၀ ခုနှစ်တွင် ရောမစစ်သားများသည် ယေရုရှလင်မြိုအား ဝင်ရောက် စီးနင်းပြီး ယုဒလူ ထောင်ပေါင်းများစွာတိုကို မညှာမတာ ရက်စက်စွာ သတ်ဖြတ် ကြသည့်အပြင် ဗိမာန်တော်ကိုလည်း ဖျက်ဆီး ပစ်ကြသည်။ ထိုကား ရောမ ဧကရာဇ်၏ ရုပ်တုပြုလုပ်ရာ စစ်သားတို၏ အောင်ပွဲ ရောမတို့၏ ယုတ်မှု ဖြစ်သည်။

ခရစ်ယာန်များသည် ခရစ်တော်၏ စကားတော်များကို အောက်မေ့ သတိရကြပြီး ထိုသတ်ဖြတ် မှုဘေးရန်မှ လွတ်မြောက်ခြင်းငှါ အရေးအခ စတင်သည်နှင့် တပြိုင်နက် လွတ်ရာကျွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်ကြသည်။

Related Entries