မီးရှိရာယဇ်ပလ္လင်သည် ဓမ္မဟောင်းခေတ် ဝတ်ပြုကိုးကွယ်ရာ၌ အူတိုင်တခုဖြစ်သည်။ ဘိုးဘေးများ(က ၈း၂၀၊ ၁၂း၇၊ ၈၊ ၂၆း၂၅၊ ၃၃း၂၀)၊ မောရှေ့(ထွ ၁၇း၁၅)၊ ဂိဒေါင်(သူကြီး ၆:၂၄)၊ ဒါဝိဒ်(၂ရာ ၂၄း၁၈)၊ ဧလိယ (၃ရာ ၁၈း၃၁၊ ၃၂)တို့သည် အခြားလူများအကြား၌ ယဇ်ပလ္လင်တည်သူများ အဖြစ် ထင်ရှားကြသည်။ ထိုသို့ ယဇ်ပလ္လင်ဆောက်လုပ်ရာတွင် ရွှံ့စေး၊ ကျောက် တုံးများဖြင့် ဆောက်လုပ်ကြသည်(ထွ ၂၀း၂၄၊ ၂၅)

တဲတော်တွင် မီးရှိရာယဇ်ပလ္လင်တခုနှင့် နံ့သာဆီမွေး ယဇ်ပလ္လင်တခု တည်ဆောက်ရသည်။ သစ်သား ဖြင့်ဆောက်လုပ်ပြီး ကြေးဖြင့် အုပ်ပြီးနောက် ရွှေဖြင့် ထပ်မံသွန်းအုပ်ကြသည်။ ထိုနည်းတူ ဗိမာန်တော်တွင် လည်း ယဇ်ပလ္လင် များတည်ဆောက်ရသည်(၆ရာ ၄း၁၊ ၁၉)

မောရှေက ဣသရေလလူတိုအား ခါနနိလူတို့၏ ယဇ်ပလ္လင်များကို ဖျက်ဆီးခိုင်းသည်(တရား ၁၂း၃)။ သူပြောပြသော ဘုရားရှင်တော်ကိုသာ ကိုးကွယ်ခိုင်းပြီး ရွေးချယ်ထားသော နေရာ၌သာ ဘုရားရှင်ကို ကိုးကွယ် ရသည် (တရား ၁၂း၄)။ ယော်ဒန်မြစ်အရှေ့ဘက်ကမ်း၌ ကျန်ရစ်နေထိုင်ခဲ့ကြသော ဣသရေလလူမျိုးနွယ် များသည် တဆူတည်းသော ဘုရားရှင်ကို ကိုးကွယ်ရကြောင်း သဘောမပေါက်ကြခင်တွင် ရင်တထိတ်ထိတ်ဖြင့် စိတ်နှလုံးထွေပြား ကြသည်။ သူတိုတည်ဆောက်သော ယဇ်ပလ္လင်ဖြင့် ယဇ်ပူဇော်ခြင်းမပြုလုပ်ကြ (ယောရှု ၂၂၊ အထူးသဖြင့် ငယ် ၂၆)

အာခပ်မင်းသည် ဒမာသက်မြို၌ အာရှုရိဘုရင် တိကလပ်ပိလေသာ အား တွေ့ဆုံသောအခါ အာရှုရိတို၏ ယဇ်ပလ္လင်ကို တွေ့မြင်သည်။ ထိုအခါ သူ့ရှုးနိမ့်မှုအား ဘုရားရှင်က တွေ့မြင်ချီးမြှောက်ရန် ထိုယဇ်ပလ္လင်နည်းတူ အခြားယဇ်ပလ္လင်ဆောက်လုပ်သည်။ ထိုသိုဖြင့် အာရှုရိတို့၏ ယဇ်ပလ္လင်ကို ကြည်ညိုကော်ရော်သည်(၄ရာ ၁၆း၁ဝ၁၆)

Related Entries