မိသားစု (Family)- ဓမ္မဟောင်းဟေဗြဲ လူ့ အဖွဲအစည်းသည် မိသားစုများအပေါ်တွင် အခြေပြုသည်။ ရှေးဘိုးဘေးများ (အာဗြဟံ၊ ဣဇက်၊ ယာကုပ်)တိုသည် လွတ် လပ်သော လူမှုအသိုင်းအဝိုင်းက ဝန်းရံကြသည်။ ရှေးဘိုးဘေး များ၏ မိသား စုများတွင် မယားများ၊ သားသမီးများ၊ ချွေးမများနှင့် တူ၊ တူမများပါဝင်သည့် အပြင် အိမ်ဖော် အစေခံများလည်း ပါဝင်သည်။ –
ယာကုပ်၏ သား(၁၂)ပါးတို့သည် ဣသရေလ(၁၂)မျိုးနွယ်၏ ခေါင်းဆောင်များဖြစ်လာကြသည်။ ထွက်မြောက်ရာကာလ၌ လူမျိုးနွယ်စု၊ မျိုးရိုးစု အလိုက် ခွဲခြားဖွဲစည်းကြသည်(ထွ ၆း၁၄၊ တော ၁း၂၂)။ ဥပမာအားဖြင့် ယောရှု ၇း၁၆-၁၈ တွင် ယုဒအနွယ်မှ အာခန်၊ ဧဇရမျိုးနွယ်စုတွင် သူ့ဘိုးဘေး ဇိမရီပါဝင်သည်။
ဓမ္မဟောင်းကျမ်းတလျှောက်တွင် မိသားစုစနစ်သည် အရေးတကြီး ရှိနေသည်(၃ရာ ၈း၁၊ ၆ရာ ၃၅း၄)။ ပြည်နှင်ဒဏ်ခံရသည့်နောက်ပိုင်းတိုင်အောင် တည်တံ့သည်(နေ ၇း၅)။ ထိုကြောင့် အစပြုရာဘိုးဘေးများ၏ နာမည် ကို အရေးတကြီး ခေါ်စမှတ်ပြုကြသည်(၅ရာ ၁-၈)။
ဓမ္မသစ်ကျမ်းတွင် ခရစ်တော်က မိသားစုအပေါ် သစ္စာစောင့်သိခြင်း ထက် သူ့အပေါ်သို့ သစ္စာစောင့်သိ ရေးသည် ပိုမိုအရေးရောက်ကြောင်း သွန် သင်တော်မူသည်(လု ၁၄း၂၆)။ သွန်သင်တော်မူချက်တွင် ယုံကြည် သူနှင့် မယုံ ကြည်သူဟူ၍ ခွဲခြမ်းထားသည်(လု ၁၂း၅၃)။ ခရစ်တော်နှင့် တမန်တော်များက မိသားစုအား ချစ်ခင်မြတ်နိုး၍ သစ္စာစောင့်သိရန် သွန်သင်ကြသည်(မ ၁၉း၁၉၊ မာ ၇း၉-၁၃၊ ယော ၁၉း၂၅-၂၇၊ ဧ ၆း၁-၃၊ ၁တိ ၅း၄)။
ဓမ္မသစ်ကျမ်းတွင် မိသားစုအရေး စောင့်ထိန်းရေးသည် အရေးကြီး သည်။ ခရစ်ယာန်များ၏ ပထမဦး စားပေး သစ္စာစောင့်သိရေးသည် ခရစ်တော် နှင့် ဘုရားရှင်၏ မိသားစုဖြစ်သော ယုံကြည်သူများဖြစ်သည်(လု ၈း၂၁၊ ဧ ၂း၁၉၊ ၁ပေ ၄း၁၇)။