ဘုန်းတန်ခိုး (Glory)- ဟေဗြဲစကားလုံးတွင် ဘုန်းတန်ခိုးသည် “လေးလံစေ”ဟု အနက်ရ သည်။ ဟေဗြဲလူများသည် ကြီးမားခြင်း၊ အရေးကြီးခြင်း၊ တန်ဘိုးကြီးမားခြင်း ၊ ကို ဘုန်းတန်ခိုးဟု ခေါ်ဝေါ်သုံးနှုန်းသည်။ လူတွင်လည်း ဘုန်းတန်ခိုးရှိနိုင် ၊ ပေမင့်(ဟေရှာ ၈း၇) ဘုရားသခင်မပါလျှင် မျက်စိတမှိတ်သာ ခံသည်(ဟေရှာ ၁၆း၁၄၊ ၁ပေ ၁း၂၄)။

ဘုရားဘုန်းတန်ခိုးတော်သည် တန်ခိုးနှင့် အာနုဘော်ပါဝင်သော ကြောင့် ကြောက်လန့်ဘွယ်ဖြစ်သည်။ ကျမ်းစာကမူ ကြောက်မက်ဘွယ်မုန်တိုင်း၊ မီးတောင်(ထွ ၂၄း၁၇၊ ဆာ ၂၉း၃၊ ဟဗ ၃း၃-၁၅)တိုအပြင် လူမခံမရပ်နိုင် သည့် တောက်ပလွန်းသောအလင်း(ထွ ၃၄း၂၉-၃၅၊ မာ ၉း၂-၈)တို့နှင့် နှိုင်း ပြထားသည်။ မောရှေ ပင်လျှင် မျက်နှာတော်ကို မဖူးမျှော်ခွံ(ထွ ၃၃း၁၈၊ ၂၃) သကဲ့သို ဘုန်းတန်ခိုးတော် ပြည့်ချိန်၌ တဲတော်ထဲသို မည်သူမျှ မဝင်ဝံ့ကြ (ထွ ၄၀း၃၅)။

ဘုန်းတန်ခိုးတော်ထဲ၌ ကျေးဇူးတော်လည်း ပါဝင်သည်။ ပဋိညာဉ် သေတ္တာ(၁ရာ ၄:၂၁ ကိုကြည့်)နှင့် ဗိမာန်တော်(၃ရာ ၈း၁၀၊ ၁၁)တို့သည် ဘုရားဘုန်းတော် ဖူးမျှော်ရာဖြစ်၍ သူ့လူများနှင့်အတူ စိုးစံတော်မူကြောင်း အမှတ်အသားဖြစ်သည်။ ဘုရားရှင်က ကျေးဇူးတော်ဖြင့် ဘုန်းတန်ခိုးတော် ပြတော်မူသကဲ့သို ထိတ်လန့်ဘွယ် ရာလည်းဖြစ်သည်။ မောရှေက ဘုန်းတန်ခိုးတော်ပြသတော်မူပါရန် လျှောက်လဲသောအခါ ကရုဏာတော်ကြွယ် ဝပုံနှင့် တရားမျှတပုံတို့အား ပြသတော်မူသည်(ထွ ၃၃း၁၇-၃၄း၇)။

ခရစ်တော်က ဘုရားဘုန်းတန်ခိုးတော်ကို အထင်ရှားဆုံး ပြသတော် မူသည်။ တန်ခိုးအလုံးစုံကြွယ်ဝ၍ သူ့လူများနှင့်အတူ စိုးစံသည့်အပြင် ဗျာ ဒိတ်တော်ဖြင့် မိမိကိုယ်ကို ပြသတော်မူသည်။ ဖွားမြင်တော်မူချိန်၌ ဘုန်း တန်ခိုးတော်က ဝန်းရံ၍(လု ၂း၉) အမှုတော်ပြုချိန်(မာ ၉း၂-၈၊ ယော ၂း၁၁)၊ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက် ခြင်း(ယော ၁၂း၂၃)၌ ခြံရံသည့်အပြင် ပြန်လည်ကြွလာမည့်အချိန်၌လည်း ဝိုင်းရံပေမည်(မာ ၁၃း ၂၆)။ ။

ကယ်တင်ခြင်းအကျွတ်တရားသည် ခရစ်တော်၏ ဘုန်းတန်ခိုးတော် ထင်ရှားခြင်းဖြစ်သည်( ၂ကော ၄း၄)။ အကြောင်းမှာ သူ့လူများထဲ၌ ဘုရား ရှင်တော် စိုးစံခြင်းဖြစ်သည်(၁ကော ၃း၁၆)။ အသင်းတော်သည် လည်း ဘုရား ဘုန်းတော်ထဲ၌ ထင်ရှားခြင်းဖြစ်သည်(၁ပေ ၄း၁၄)။ ဘုရားရှင်အတွက် အမှု တော်ပြုသမျှကို လောကသားများထံသို့ ဘုန်းတော်ပြသခြင်းဖြစ်သည်(မ ၅း၁၆။ ရော ၁၅း၈၊ ၉၊ ၁ကော ၆း၂၀)။ ဘုန်းတန်ခိုး တော်ဖြင့် ခရစ်တော်ကြွလာ သောအခါ အသင်းတော်သည်လည်း ဘုရားဘုန်းတော်ဖြင့် ထွန်းတောက်မည် (ဗျာ ၂၁း၁၁)။

ရှေကေန ဘုန်းတန်ခိုးလည်းကြည့်။

Related Entries