ဖောက်ပြန်ခြင်း (Fall)- က ၃ ပါ အာဒံနှင့် ဧဝတိုက ဘုရားရှင်၏စကားတော်ကို မနာခံဘဲ၊ တားမြစ်ထားသော သစ်သီးကို ခူးစားခြင်းအား ဖောက်ပြန်ခြင်း၊ လဲကျခြင်း ၊ ဟုခေါ်သည်။ ထိုသိုသော မနာခံလဲကျခြင်းကြောင့် လူသည် စုံလင်ခြင်းမှ အပြစ်နွံထဲသို့ ရောက်သွားသည်။ ဘုရားရှင်နှင့် မိဿဟာယပြတ်တောက်သည့် အပြင် အမျက် တော်ရှပြီး ရှင်ခြင်းမှ သေခြင်းသို ရောက်သွားသည်။ ထိုဖောက် ပြန်ခြင်းအကျင့်ဆိုးသည် အာဒံနှင့် ဧဝတို၏ သားစဉ်မြေးဆက်တလျှောက လုံးသို စီးဆင်းကူးစက်သည်(ရော ၅း၁၂)။ ထိုသိုဖြင့် လူသည် ဘဝသမားအဖြစ် ရုန်းကန်လှုပ်ရှားသည်(က ၁း၁၇၊ ၁၈)။ ထိုသိုသော အဖြစ်မှ ပြန်လည်နလံ ထူနိုင်ရန် ခရစ်တော်က ကရာနီ ကုန်းပေါ်၌ အသေခံတော်မူခြင်းဖြင့် ဘုရားရှင်နှင့် ပြန်လည်သင့်မြတ်အောင် ထူမသည်(ရော ၅း၁၂-၂၁၊ ၈း၁၉-၂၃)”