နှလုံး (Heart)- ကျမ်းစာလာ “နှလုံး”ဟူသော စကားလုံးသည် လူ့ခန္ဓာကိုယ်ထဲရှိ ခန္ဓာကိုယ်အစိတ်အပိုင်းအား အမြဲရည် ညွှန်းသည်မဟုတ်။ တစုံတရာ၏ အချက် အခြာကို ရည်ညွှန်းတတ်သည်(ထွ ၁၅း၈)။ သို့သော် အဓိကအားဖြင့် လူ့ အတွင်းသရုပ်၊ ဘဝတခုလုံးကို ရည်ညွှန်းလေ့ရှိသည်(ဆာ ၉း၁)။ ပီတိ(၁ရာ ၂း၁)၊ ချစ်ခြင်းမေတ္တာ(၂ရာ ၁၄း၁)၊ ဝေဒနာ(နေ ၂း၂)၊ သောက(က ၄၂း၂၈)၊ သတ္တိ(၂ရာ ၁၇း၁၀) စသည့် ခံစားချက်များကိုလည်း ရည်ညွှန်းလေ့ရှိသည်။ စိတ်မနော(လု ၂း၁၉)၊ အောက်မေ့မှတ်သားချက်(တရား ၄း၉)၊ သိရှိနားလည် မှု(၃ရာ ၃း၉)တိုလည်း ညွှန်းသည်။ မကောင်းမှု(ယေ ၁၇း၉၊ မ ၁၅း၁၉)နှင့် အမှန်က ၂း၀၅) ခွဲခြားဆုံးဖြတ်ရာ စိတ်သဘောထား(၆ရာ ၁၂း၁၄)လည်း ဖော်ညွှန်းလေ့ရှိသည်။ မာကြောသော စိတ်နှလုံး(ထွ ၁ဝး၁)သည် မှန်ကန်စွာ ဆုံးဖြတ်နိုင်စွမ်းမရှိ(ထွ ၁၀း၁)။ မာကြောသောစိတ်နှလုံးကို ကျိုးပဲ့ကြေမွ(ဆာ ၅၁း၁၇)စေလျက် ဘုရားပေးစိတ်နှလုံးသစ်(ယေဇ ၁၁း၁၉)ဖြင့် အစားထိုး ရသည်(ယေဇ ၁၈း၁၁)။