ထွက်မြောက်ခြင်း (Exodus)- ထွက်မြောက်ခြင်းဟူသော ဂရိစကားသည် လွတ်ကျွတ်ခြင်း၊ စုတေ ခြင်း၊ လွတ်မြောက်ခြင်းဟု အနက်ရသည်။ ကျမ်းစာတွင် ဣသရေလလူတိုသည် အဲဂုတ္တုပြည်၌ နှစ်ပေါင်း ၄၀ ကြာ နေထိုင်ခဲ့ကြပြီး လွတ် ထွက်ကြကြောင်း ၊ တွေ့ရသည်။ ထိုလွတ်မြောက်ခြင်းသည် ဣသရေလလူတိုအား လူမျိုးတမျိုး အဖြစ် မွေးဖွား သည့်အမှတ်အသားဖြစ်၍ ဘုရားရှင်က သူ့လူများအား ရွေးနှုတ်၊ ခြင်း ကျေးဇူးတော်ပြသချက်ဖြစ်သည်(ထွ ၆း၆၊ တရား ၇း၇၊ ၈၊ ၂ရာ ၇း၂၃)။
ဂရိစကားရပ်တွင် ထွက်သွားခြင်း၊ လွတ်ထွက်ခြင်းဟု အနက်ရသည်။ လု ၉း၃၁ နှင့် ၂ပေ ၁း၁၅ တို့တွင် သုံးနှုန်းထားသည်။