တမန်တော် (Apostle)- တမန်တော်ဟူသော ဝေါဟာရသည် ဂရိစကားလုံးအား အနက် ကောက်ယူခြင်းဖြစ်၍ ရည်မှန်းချက်တရပ်အတွက် အထူးတာဝန်ပေး စေလွှတ် သူဟု အနက်ရသည်။ စေလွှတ်သူက ဟောပြော ခိုင်းသော သတင်းစကားကို လူများထံသို လိုက်လံဟောပြောသူဖြစ်သည်။ ခရစ်တော်သည် ဘုရားရှင်က လူ့လောကသို ရည်ရွယ်ချက်ဖြင့် စေလွှတ်သူဖြစ်သောကြောင့် ဟေဗြဲ ၃း၁ တွင် တမန်တော်ဟုခေါ်သည်။ ဓမ္မသစ်ကျမ်းများတွင် ဂရိဝေါဟာရဖြင့် တမန် တော်ဟူသော စကားလုံးသုံးနှုန်း၍ အသင်းတော်က သတင်းကောင်းဟောပြော ရန် စေလွှတ်သူကို ရည်ညွှန်းလေ့ရှိသည်(၂ကော ၈း၂၃၊ ဖိ ၂း၂၅ ကိုကြည့်)။ ပေတရုသို့သောသူများ မဟုတ်ကြသော်လည်း ထိုဂရိဝေါဟာရ စကားလုံးကိုပင် သုံးကြသည်။
ယေဘူယျအားဖြင့် ကနဦးအသင်းတော်ကာလ၌ အထူးတာဝန်ပေး အပ်ကြသော လူနည်းစုကို ရည်ညွှန်းသည်။ မာ ၃း၁၄၊ ၁၅ တွင် (၁) ခရစ် တော်က ထိုသူများကို တမန်တော်ဟုခေါ်သည်။ (၂) သခင်ယေရှုနှင့် အတူ တကွ နေထိုင်သွားလာခဲ့ကြသည်။ (၃) သတင်းကောင်းတရားတော် ဟောပြော ကြသည်။ (၄) နတ်ဆိုးဝိ ညာဉ်ဆိုးများအပေါ်သို့ အထူးအမိန့်အာဏာရှိကြ သည်။ တ ၁း၂၁၊ ၂၂ တွင်မူ ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကို အထူးတလည် သက်သေခံကြသည်ဟုဆိုသည်။
ရှင်ပေါလု၏ တမန်တော်ရာထူးသည်လည်း အခြားတပည့်တော် ၁၂ ပါးကဲ့သို အခြေခိုင်မာသည်။ အထူးသီးသန့် ဆင့်ခေါ်ခြင်းခံရသူ(ရော ၁၁) ဖြစ်၍ ခရစ်တော်ထံမှ ဧဝံဂေလိသတင်းကောင်းအား တိုက်ရိုက် သင်ယူသည် (ဂလာ ၁း၁၂)။ ခရစ်တော်၏ ရှင်ပြန်ထမြောက်တော်မူခြင်းကို သက်သေခံ သည်( ၁ကော ၉း၁၊ ၁၅း၈)။ သတင်းကောင်းလိုက်လံဟောပြောပြီး(ရော ၁း၅) အံ့ဘွယ်နိမိတ်လက္ခဏာများ ပြသသည်( ၂ကော ၁၂း၁၂)။
ဓမ္မသစ်ကျမ်းတွင် မူရင်းတပည့်တော် ၁၂ ပါး၊ ရှင်ပေါလုတိုအပြင် အခြားလူများကိုလည်း တမန်တော်များဟု ခေါ်သည်(ဥပမာ တ ၁၄း၁၄ ကို ကြည့်)။ သို့သော် အသင်းတော်က သတင်းကောင်း ဟောပြောသူအဖြစ် စေ လွှတ်သူများ၊ သာသနာပြုရန် ဦးစီးခေါင်းဆောင်သော ဗာနဗမှလွဲ၍ အခြား လူများကို တမန်တော်ဟု ခေါ်ဆိုခြင်းမပြု။ ထိုစကားသည် မူရင်းတပည့်တော် ၁၂ ပါးနှင့် ရှင်ပေါလုတို့အား ကွယ်ကာခြင်း ဖြစ်သည်။ ထိုကြောင့် တမန်တော် အတုများလည်းရှိကြကြောင်း နားလည်ရသည်( ၂ကော ၁၁း၁၃၊ ဗျာ ၂း၂)။
တမန်တော်များ၏ ဩဇာအာဏာသည် သွန်သင်ခြင်းဖြစ်သည်(တ ၂း၄၂)။ ထိုသို့သွန်သင်ရာတွင် တဦး၏ အမှားကို အခြားတဦးက ပဲ့ပြင်တည့် မတ်နိုင်သည်(ဂလာ ၂း၁၂-၁၄)။ တမန်တော်၏ ဩဇာအာဏာသည် အတည် ဖြစ်သည်။ သိုသော် နားပျင်းကပ်စရာမဖြစ်ရ။ ရှမာရိပြည်တွင် ဖိလိပ္ပံ၏ အမှုတော်ပြုပုံကို လေ့လာစစ်ကြော ကြပြီးသော် မှန်ကန်သေချာသဖြင့် ထိုပရိသတ် များအပေါ်သို တမန်တော်များက လက်တင်ဆုတောင်းပေးသော အခါ ပရိ သတ်များသည် သန့်ရှင်းဝိညာဉ်တော် ခံယူရရှိသွားကြသည်(တ ၈း၁၄-၁၇)။ တ ၁၅ တွင် အရေးကြီး အယူဝါဒရေးရာ၌ သင်းအုပ်များအား အကြံဉာဏ် ပြုကြကြောင်း တွေ့ရသည်(ငယ် ၂၊ ၂၂၊ ၂၃)။
ထိုတမန်တော်များသည် ခရစ်တော်နှင့် အသင်းတော်အကြား တိုက် ရိုက်ရင်ကြားစေ့စေသော ကြယ်သီးများပမာဖြစ်ကြသည်။ ခရစ်တော်က တိုက် ရိုက်ရွေးချယ်တော်မူသောသူများ ဖြစ်ကြသည့်အတိုင်း ခရစ်တော်၏ သွန်သင် ချက်ကို တိုက်ရိုက်ခံယူကြပြီး ရှင်ပြန်ထမြောက်တော်မူခြင်းအကြောင်း သက်သေခံ ကြသည်။ ထိုကြောင့် တမန်တော်တပါးသေဆုံးလျှင် နောက်ထပ်အစားထိုး ခန့်အပ်ခြင်းမရှိ။ တမန်တော်များ သည် အသင်းတော်၏ အုတ်မြစ်ပန္နက်ဖြစ် ကြသည်(ဧ ၂း၂)။ ထိုသူများ၏ သွန်သင်ချက်နှင့် သြဇာအာဏာသည် ယနေ့ ခေတ်ကာလ၌ ဓမ္မသစ်ကျမ်းဖြစ်လာသည်။