ဉာဏ်ပညာ (Wisdom)- ကျမ်းစာလာ ဉာဏ်ပညာသည် လက်တွေ့ကျကျ သိရှိနားလည် ကျင့် သုံးခြင်းဖြစ်သည်။ ဉာဏ်ပညာရှိသူ သည် အလုပ်ကို မည်သိုလုပ်ရကြောင်း သိ သည်။ ထိုကြောင့် ဉာဏ်ပညာသည် အတင်းအကြပ်စေခိုင်းခြင်း၊ ကျယ်လောင် စွာပြောဆို၍ လူ့ စိတ်နှလုံးကို နှိးဆွခြင်းထက် သာလွန်ကောင်းမွန်သည်(ဒေ ၉း၁၃-၁၈)။

ကျမ်းစာလာ ကျွမ်းကျင်ရာလိမ္မာများကို ဉာဏ်ပညာဟုခေါ်သည်။ ဟေဗြဲစကားလုံးတွင် ဗာဇေလသို့ သော တဲတော်ဆောက်လုပ်သူ(ထွ ၃၁း၂)၊ သစ်သားပန်းပုသည်(ဟေရှာ ၄၀း၂၀)၊ ဧယင်ကျူးသူ ကခြေသည်မ (ယေ ၉း၁၇)၊ ရွက်လွှင့်သမား(ယေဇ ၂၇း၈)တို့ကိုလည်း ဉာဏ်ပညာရှင်ဟုခေါ်သည်။

ဣသရေလခေါင်းဆောင်များသည် မိမိတိုအလုပ် ကျေပွန်စွာ ထမ်း ဆောင်နိုင်ရန် ဉာဏ်ပညာလိုအပ် ကြသည်(တရား ၃၄း၉၊ ၃ရာ ၃း၇-၁၂)။ အခြားလူမျိုး ဘုရင်များမှာ အကြံပေးအရာရှိများ ခန့်ထားကြသည်(က ၄၁း၈၊ ဒံ ၅း၇)။ ဣသရေလပြည်တွင် ဉာဏ်ပညာရှင်များရှိကြသည်(ဒေ ၁၂း၁၁)။ သက်ဦးဆံပိုင်မင်းများ ခေတ်ကာလ၌ ပညာရှင်များသည် ယဇ်ပုရောဟိတ်နှင့် ပရောဖက်များနောက်တွင် တတိယအုပ်စုအဖြစ် ရပ်တည်ကြသည်(ယေ ၁၈း၁၈)။ နောင်တွင် တမန်တော်များက အသင်းတော်ထဲ၌ ဉာဏ်ပညာရှိသူ များအား ခေါင်းဆောင်များအဖြစ် ရွေးချယ်ခန့်အပ်ကြသည်(က ၆း၃)။

ခေါင်းဆောင်များကသာ ဉာဏ်ပညာကို လိုအပ်ကြသည်မဟုတ်။ လူတိုင်း မည်သို ဉာဏ်ပညာရရှိမည့် အကြောင်း နားလည်ရသည်။ သုတ္တံကျမ်း သည် ဉာဏ်ပညာသွန်သင်ချက်ဖြစ်၍ စနစ်တကျ စည်းကမ်းရှိရန်နှင့် သင့်တင့် လျောက်ပတ်စွာ နေထိုင်ရန် သွန်သင်သည်(သု ၁း၂-၄)။ ခရစ်ယာန်များ အားလုံးသည် အသင်းတော် ခေါင်းဆောင်များ မဟုတ်ကြသော်လည်း ဘာ ပညာရှိကြရန် လိုအပ်ကြသည်(ယာ ၁း၅)။ အချိုသည် ဉာဏ်ပညာဝိညာဉ် လက်ဆောင် ရရှိကြသည်။ ဒါဝိဒ်မင်းလက်ထက်၌ ဉာဏ်ပညာရှင် အမျိုးသမီး များလည်း ရှိကြသည်(၂ရာ ၁၄း၂၊ ၃၊ ၂၀း၂၁၊ ၂၂)။ အသင်းတော်တွင်လည်း ဉာဏ်ပညာစကားသာ ပြောဆိုရသည်(၁ကော ၁၂း၈)။

တကယ့်ဉာဏ်ပညာကို ဘုရားသခင်က ပိုင်ဆိုင်သည်(ယောဘ ၁၂း၁၃)။ ကမ္ဘာမြေကို ဖန်ဆင်း၍(သု ၃း၁၉၊ ၂၀၊ ယေ ၁၀း၁၂) အပြစ်သား များကိုလည်း ကယ်တင်ခြင်းအကျွတ်တရား ပေးသနားတော်မူသည်(ဧ ၃း၈ -၁၁)။ ဘုရားသခင်၏ ဉာဏ်ပညာတော်ကို ရရှိရန် ဘုရားရှင်အား ချစ်ကြောက် ရသည်(ယောဘ ၂၈း၂၈၊ ဆာ ၁၁၁း၁ဝ၊ သု ၁း၇၊ ၉း၁၀)။ ဉာဏ်ပညာ အစစ်အမှန်ရှိသူသည် ဘုရားရှင်ကိုနာခံ၍ မကောင်းမှု၊ မတရားမှုလည်း ကင်းစင်သည်(ဆာ ၁၁၉း၉၇-၁၀၄၊ ယာ ၃း၁၃-၁၈ ကိုကြည့်)။ စစ်မှန်သော ဉာဏ်ပညာသည် အရာခပ်သိမ်း၏ တန်ဘိုးကို အကဲဖြတ်လေ့ ရှိသည်။ ဉာဏ် ပညာလိုချင်သူသည် ဘုရားရှင်ထံ တောင်းခံရသည်။

လူ့လောက၌ ဘုရားသခင်၏ အလိုတော်နှင့်မညီသော ဉာဏ်ပညာ အတုများလည်းရှိသည်(၁ကော ၁း၂၁၊ ၂၆)။ ထိုသိုသော ဉာဏ်ပညာသည် ဘုရားသခင်၏ လမ်းတော်ကို မသိရှိနိုင်။ လူ့အသိဉာဏ်ပညာထက် ဘုရား သခင်၏ ဉာဏ်ပညာတော်သည် ကြီးကျယ်မြင့်မြတ်သည်(ငယ် ၂၆)။ သာသနာပ လူတို၏ ဉာဏ်ပညာသည် ဘုရားသခင်၏ အမျက်တော်အား တောင်းခံသည် (ဟေရှာ ၁၉း၁၁-၁၅)။