ငရဲပြည် (Hades)- ဂရိစာပေတွင် ကမ္ဘာမြေအောက်(သို) သေလွန်သူတို၏ ဝိညာဉ်များ ရှိရာ မရဏာတိုင်းပြည်ဖြစ်သည်။ ထိုဟေဗြဲဓမ္မဟောင်းကျမ်းသုံး စကားလုံးကို ဂရိဘာသာစကားတွင် သေရွာငရဲပြည်ဟု ဆိုသည်။ ထိုဂရိစကားလုံး ကို AV ကျမ်းမူတွင် သုံးနှုန်းသည်။ တမလွန်ဘဝ(သို့) မရဏာပြည်ကို ဆိုလိုသည်(တ ၁:၂၇၊ ၃၁)။ ကမ္ဘာမြေထဲရှိ နက်နဲသော တနေရာကို ရည်ညွှန်းသည်(မ ၁၁း၂၃ တွင်မှု ကောင်းကင်များ၏ ဆန့်ကျင်ဘက်အဖြစ် သုံးသည်)။ ခရစ်တော်က သူသည် ထိုနေရာသိုသွားရာ သော့ချောင်းများ ကိုင်ထားကြောင်း ဝန်ခံထား သည်(ဗျာ ၁း၁၈)။

ငရဲပြည်အကြောင်းမှာကြည့်။

မရဏာပြည်အကြောင်းမှာလည်းကြည့်။