ဂေါလဂေါသ (Golgotha)- ယေရုရှလင်မြိုပြင်ဘက်ရှိ ယေရှုခရစ်တော်ကို ကားစင်တင်သည့် နေရာဖြစ်သည်။ ထိုစကားလုံးသည် အာရမိဘာသာစကားဖြစ်၍ ဦးခေါင်းရိုး အရပ်ဟု အနက်ရသည်။ ထိုအဓိပ္ပါယ်အတိုင်း လက်တင်ဘာသာစကားဖြင့် ကရာနီဟုခေါ်သည်။ အတိအကျ နေရာမသိနိုင်သကဲ့သို အဘယ်ကြောင့် ဦးခေါင်း ရိုးဟု ခေါ်ရကြောင်း အသေအချာမသိရပါ။

မ ၂၇း၃၃၊ မာ ၁၅:၂၂၊ ယော ၁၉း၁၇ တို့၌ သုံးနှုန်းထားသည်။