ခွင့်လွှတ်ခြင်း (Forgiveness)- ခွင့်လွှတ်ခြင်းဆိုသည်မှာ အပြစ်ကြွေးလျော်ပစ်ခြင်းဖြစ်သည်။ အပြစ် ဒုစရိုက်အရေးတွင်လည်း ထိုကဲ့သိုဖြစ်၍ အကြွေးတောင်းခြင်းမရှိ။ ဘုရားရှင်တော်က အပြစ်များ ခွင့်လွှတ်သည့်အခါ ဘုရားရှင်နှင့် လူ့အကြားရှိ ဆက်ဆံ ရေးအဟန့်အတားများ ဖယ်ရှားပေးခြင်းဖြစ်သည်။ အပြစ်ကို လုံးဝမေ့ပျောက် ခြင်းဖြစ်သည်(ဆာ ၁၀၃း၁၂၊ ယေ ၃၁း၃၄)။

အပြစ်ခွင့်လွှတ်ခြင်းသည် ဘုရားဂုဏ်တော်တရပ်ဖြစ်သည်( ၃၄း၆၊ ၇၊ နေ ၉း၁၇၊ ဒံ ၉း၉)။ ဘုရားရှင် သည် ခွင့်လွှတ်လိုစိတ် အာသီသရှိသောကျေးဇူးတော်ရှင် ဘုရားသခင်ဖြစ်သည်။ စိတ်ဆန္ဒမပါဘဲ မတတ်သာ သည့် အဆုံး လူ့အပြစ်ကို ခွင့်လွှတ်ခြင်းမဟုတ်။

ဘုရားရှင်၏ ခွင့်လွှတ်ခြင်းသည် အလိုအလျောက်သဘောမဟုတ်။ ဟေဗြဲစကားရပ်တွင် အပြစ်လွှတ်ခြင်းဟုလည်း အနက်ရသည်။ အပြစ် ခွင့်လွှတ်ခြင်းနှင့် အပြစ်ဖြေရာ ယဇ်ပူဇော်ခြင်း ဆက်စပ်ပုံတွင် တွေ့မြင်နိုင် သည်(ဝတ် ၄:၂၀၊ ၃၁၊ ၃၅)။

နောင်တသံဝေဂနှင့်လည်း နှီးနွယ်သည်။ ဓမ္မဟောင်းကျမ်းတွင် ဘုရား သခင်သည် သူ့တိုဘက်၌ ရပ်တည်တော်မူကြောင်း စိတ်ချနိုင်ရန် မကြာခဏ ယဇ်ပူဇော်လေ့ရှိကြသည်။ ထိုသဘောထားကို ပရောဖက် များမှ လက်မခံကြ (ဟေရှာ ၁း၁၀-၁၇၊ မိ ၆:၆-၁၆)။ အပြစ်ခွင့်လွှတ်ခြင်းခံယူရန် အပြစ်သား သည် ဦးစွာ မိမိအပြစ်ကို ပြုမှားမိသူနှင့် ဘုရားရှေ့တွင် ဝန်ခံရသည် (ယေ ၃:၁၂၊ ၁၃၊ ဟေရှာ ၅၇း၁၅)။ ထိုနောက် ဘဝနေ ထိုင်ဟန်ပန်တခုလုံး ပြောင်း လဲရသည်(ယေဇ ၃၃း၁၁)။

ခရစ်တော်နှင့် တပည့်တော်များက ခွင့်လွှတ်ခြင်းခံရသူသည် အခြား သူများကို ခွင့်လွှတ်ရကြောင်း သွန်သင်ကြသည်(မ ၆း၁၄၊ ၁၅၊ ကော ၃း၁၃)။ ဘုရားရှင်တော်၏ ခွင့်လွှတ်ခြင်းခံသူသည် အခြားသူများအား ခွင့်မလွှတ်နိုင် စရာအကြောင်းမရှိ(မ ၁၈း၂၈-၃၅)။