ကာန (Cana)- ဂါလိလဲပြည်ရှိ ရွာငယ်ဖြစ်၍ ဤမြို့၌ ခရစ်တော်သည် ရေကို စပျစ်ရည် ဖြစ်စေသည်။ (ယော ၂း၁-၂၅။) ဤမြို့၌ပင်လျှင် ကပေရနောင်မြို့တွင် နာနေသောအမတ်၏သားတယောက်ကို အမိန့်တော်တခွန်းဖြင့် ရောဂါကို ပျောက်ကင်းစေလေသည်။ (ယော၄း၄၆)။ နာသနေလသည် ဤမြို့ဇာတိ ဖြစ်သည်။ (ယော၂၁း၂)။