အာမလက်သည် ယာကုပ်၏အစ်ကို ဧသော၏ မြေးဖြစ်သည် (က ၃၆း၁၂)။ သူ့သားမြေးများသည် သိနာတောင်နှင့် နေဂပ်အရပ်တွင် ခြေသလုံး အိမ်တိုင်သမားများအဖြစ် နေထိုင်ကြသည်။ တရားသူကြီးများ ခေတ်ကာလ၌ ပါလက်စတိုင်း အလယ်ပိုင်းဖြစ်သော ဧဖရိမ်ပြည်၏ မြောက်ပိုင်းတွင် နေထိုင် ကြသည်(သူကြီး ၁၂:၁၅)

ထိုအာမလက်တို့သည် အဲဂုတ္တုပြည်မှ လွတ်မြောက်လာကြသော ဣသရေလလူတို့အား ရေဖိဒိမ် အရပ်တွင် တိုက်ခိုက်ကြသည်။ ဘုရားရှင်က ဣသရေလတို့အား ထိုသူတိုကို အပြီးအပိုင် ချေမှုန်းသုတ် သင်စေသည်(ထွ၊ ၁၇း၈၁၆၊ တရား ၂၅း၁၇၁၉)။ ထိုကြောင့် ရှမွေလက ရှောလုမင်းအား ထိုလူမျိုးကို တိုက်ခိုက်ခိုင်းသည်။

အာမလက်တိုသည် စစ်တိုက်ခြင်း အထုံရှိကြသည်(တော ၁၄း၄၅၊ သူကြီး ၃း၁၃၊ ၆:၃၊ ၁၇၊ ၃၀း၁)။ ထိုကြောင့် လူအင်အားလျော့နည်းနေကြပြီး ဟေဇကိမင်းလက်ထက် ရောက်သောအခါ မပြောပလောက်သာ ကျန်ရှိကြ သည်။ ရှိမုန်လူတိုက လက်စသတ် ချေမှုန်းပစ်ကြသည်(၅ရာ ၄း၄၃)

Related Entries