ဧဝံဂေလိ (Gospel)- ဧဝံဂေလိဆိုသည်မှာ သတင်းကောင်းဖြစ်သည်။ ဓမ္မသစ်ကျမ်းစကား လုံးဖြစ်သော်လည်း ဓမ္မဟောင်းကို အခြေပြုသည်။ ဓမ္မဟောင်းကျမ်းက ဧဝံ ဂေလိသတင်းကောင်း ရောက်လာမည်ဟုဆို၍ ဓမ္မသစ်ကျမ်းက အာဗြဟံသို့ပြုထားသော ဘုရားကတိတော်များ ထုတ်ပြန်ကြေညာသည်(ဂလာ ၃း၈)။ ပရောဖက်ကျမ်းစကားများ ပြည့်စုံလာသည်(ရော ၁း၂)။
ထိုသတင်းကောင်းသည် ဘုရားသခင်၏ နိုင်ငံတော်ရောက်လာမည့် အကြောင်း(မ ၄၂၃)ဖြစ်၍ ခရစ်တော်အကြောင်းပင်ဖြစ်သည်(မာ ၁း၁၊ ၂ကော ၄း၅)။ ဧဝံဂေလိသတင်းကောင်းသည် ဘုရားသခင် အကြောင်းသာ မဟုတ်ဘဲ(၁သက် ၂း၈) သူ့ကို ယုံကြည်သူများအပေါ်သို ကယ်တင်ခြင်းပေးတော်မူသော ပြုတော်မူချက်လည်း ပါဝင်သည်(ရော ၁း၁၆)။ ထိုအချက်များ သည် ဘုရားရှင်၏ အချုပ်အခြာနိယာမ၌ ပါဝင်သော သတင်းကောင်းတွင် ပေါ်လွင်ထင်ရှားသည်။
အသင်းတော်သည် ခရစ်တော်၏ အချုပ်အခြာ မိန့်တော်မူချက်(မ ၂၈း၁၈) လူတိုင်းသို သတင်းကောင်း ဟောပြောရန် နာခံရာဖြစ်သည်(မာ ၁၆း၁၅)။ ဧဝံဂေလိသတင်းကောင်းသည် သမ္မာတရားဖြစ်၍(၁တိ ၁း၁၁) ဟောပြောသွန်သင်ရသည်(၁ကော ၉း၁၆)။ သိုသော် လူတိုင်းက ဘုရားသခင် ၏ သမ္မာတရားကို သဘောမပေါက် လက်မခံကြ(၂ကော ၄း၄)။ ထိုသတင်းကောင်းကို ကြားသိသူသည် နောင်တစိတ်ဖြင့်(မာ ၁း၁၄) သတင်းကောင်း အားလက်ခံယုံကြည်သည်။ ယုံကြည်ခြင်းသစ္စာမရှိလျှင် ဧဝံဂေလိသတင်းက ကယ်တင်ခြင်းမပြုနိုင်(ဟေဗြဲ ၄း၂)။
ကျမ်းစာတအုပ်လုံးသည် ခရစ်တော်အကြောင်းဖြစ်သောကြောင့် ကျမ်းတစောင်လုံး၌ ခရစ်တော် အကြောင်း ရေးထားသည်(လု ၂၄း၂၇)။ မဿဲ။ မာကု၊ လုကာ၊ ယောဟန် ခရစ်ဝင်ကျမ်းများဖြင့်သာ ဧဝံဂေလိ သတင်းကောင်း ၊ အလုံအလောက်မသိရှိနိုင်။