ဟာလေလုယ (Hallelujah)- ဟေဗြဲစကားလုံးဖြစ်၍ “ယ”ကို “ချီးမွမ်းခြင်း”ဟု အနက်ရသည်။ ယဆိုသည်မှာ ဘုရားသခင်၏ နာမတော် ယေဟောဝါဟူသော စကားလုံး၏ အတိုကောက်ဖြစ်သည်။ ဆာလံကျမ်းတွင် (၂၄)ကြိမ်တွေ့ရ၍ ဆာ ၁၃၅:၃ မှလွဲပြီး ဆာလံတေး၏ အစနှင့် အဆုံးတွင် တွေ့ရသည်။ ထိုစကားလုံးသည် ဝတ်ပြုကိုးကွယ်ရန် ဗိမာန်တော်ထဲသို လူများ ဖိတ်ခေါ်ခြင်းဖြစ်သည်။

ဗျာ ၁၉း၁-၆ တွင်လည်း တွေ့ရ၍ ကောင်းကင်ဘုံ၌ ရွေးနှုတ်ခံလူ တိုသီဆိုသော တေးကဗျာ၏ ရည်မှန်းချက်ဖြစ်သည်။