ဝန်ခံ၊ ဝန်ချခြင်း (Confess, Confession)- မူရင်းဂရိစကားတွင် ထပ်တူထပ်မျှဟု အနက်ရသည်။ ထိုကြောင့် အပြစ်ဝန်ချသည်ဟု ဆိုသောအခါ ဘုရားရှင်က ထပ်တူထပ်မျှ ခံစားပေးကြောင်း အနက်ရသည်။ ယုံကြည်ကြောင်း ဝန်ခံသည်ဟုဆိုသောအခါ ထို နည်းတူ အခြားသူများနှင့် ထပ်တူထပ်မျှ ဝန်ခံကြောင်း အနက်ရသည်။
တခြားနည်းဖြင့်လည်း အနက်ဖွင့်ဆိုနိုင်သည်။ တစုံတဦးက သူ့ယုံ ကြည်ခြင်းအား လူသိရှင်ကြား ကြေညာသည့်အခါ ပုဂ္ဂိုလ်ရေးအရ ဘုရားရှင် နှင့် ဆက်ဆံသည့်အကြောင်းဖြစ်သည်။ ထိုကြောင့် ယေရှုခရစ် တော်အား ဝန်ခံသည်ဟုဆိုသောအခါ ဘာသာရေးသဘောမဟုတ်တော့ပါ။ ခရစ်တော်အား ဝန်ခံသောအခါ အဖိုးအခပေးရသည်(ယော ၁၂း၄၂)။ ထိုသို့ ဝန်ခံခြင်းသည် တရားစီရင်ရာနေ့၌ ခမည်းတော်ရှေ့တွင် ခရစ်တော်က ပြန်လည်ဝန်ခံရာ ဖြစ်သည်(မ ၁၀း၃၂)။ ယုံကြည်သူများအား ခရစ်တော်ကိုဝန်ခံကြရန် သန့်ရှင်း ဝိညာဉ်တော်က တိုက်တွန်းသည်( ၁ကော ၁၂း၃)။ သခင်ယေရှုက သူသည် ခရစ်တော်မှန်ကြောင်း ပိလတ်မင်းရှေ့တွင် ဝန်ခံသည်(၁တိ ၆:၁၂၊ ၁၃ လည်း ကြည့်)။
ယုံကြည်သူများသည် ပြုမှားသောအပြစ်များကို အခြားယုံကြည်သူ များရှေ့တွင် အပြစ်ဝန်ချရသည်(တ ၁၉း၁၈၊ ယာ ၅း၁၆)။ အရှက်တကွ အကျိုးနည်းအပြစ်များဖြစ်လျှင်လည်း ထုတ်ဖော်ဝန်ခံရသည်( ဧ ၅း၁၂)။ ရှေ့ တော်၌ မည်သည့်အပြစ်မျှ ဖုံးကွယ်မရသည်ဖြစ်၍ အပြစ်များကို ဘုရားရှင်ထ စောလျင်စွာ ဝန်ခံရသည်။ အသင်းတော်အရာရှိမင်းထံ အပြစ်ဝန်ချတောင်း ပန်လျှင် အပြစ်ခွင့်လွှတ်ခြင်း ခံရနိုင်ကြောင်း မည်သည့်ကျမ်း ချက်တွင်မှ သွန်သင်ချက်မရှိ။
ယုံကြည်ခြင်းသစ္စာ ခံယူခြင်းအကြောင်းကို ဒေဝဗေဒ အဘိဓါန် ကျမ်းတွင်ကြည့်ပါ။