ဗာလ (Baal)- ဟေဗြဲစကားတွင် ဗာလဟူသော စကားလုံးသည် သခင်၊ ပိုင်ရှင်၊ ခင်ပွန်းဟုလည်း အနက်ရသည်။ ခါနနိလူများသည် ဗာလအများအပြားရှိကြသည်။ မြေဆိုင်၊ မြေခဲအပိုင်းအစမှစ၍ အရာရာကို ဘုရားရှင်က ပိုင်ဆိုင်သည်။ ထိုခါနနိတို့၏ နတ်ဘုရားအကြီးအကဲကိုလည်း ဗာလဘုရားဟုခေါ်သည်။ ထို ဗာလဘုရားကို ကိုးကွယ်ခြင်းသည် မိစ္ဆာဘုရားတု ကိုးကွယ်ခြင်းဖြစ်သော ကြောင့် လွယ်လင့်တကူ ပျံ့နှံ သည်။

ယေဟောဝါသည် ဣသရေလတမျိုးသားလုံး၏ အရှင်သခင်နှင့် ခင်ပွန်းဖြစ်သကဲ့သို ဗာလသည် မြောက်ပိုင်းဣသရေလသားတို့၏ အရှင်ဖြစ်သည်။ ထိုသဘောထားခံယူချက်ကို ဟောရှေက တိုက်ခိုက် သည်(ဟော ၂း၁၆၊ ဟေဗြဲ စကားရပ်တွင် ဗာလသည် သခင်ဟုလည်း အနက်ရသည်)။