ပဋိညာဉ်သေတ္တာ (Ark of the Covenant)- ဣသရေလလူတို အဲဂုတ္တုပြည်မှ ထွက်မြောက်ကြပြီး သိနာတောင်တွင် စခန်းချနေထိုင်ကြစဉ် တဲတော်ဆောက်လုပ်ရေးနှင့် ဝတ်ပြုကိုးကွယ်ပုံအသေး စိတ်အား ဘုရားရှင်က မောရှေသို့ မိန့်ကြားတော်မူသည်။ ပဋိညာဉ်သေတ္တာ သည် ၁၁၀၀ x ၁ဝဝ မမရှိ၍ ထုထည် ၇ဝဝ မမ မြင့်သည်။ အကာရှသစ် သားဖြင့် ပြုလုပ်၍ ရွှေဖြင့် ကွပ်ထားသည်။ တဲတော်ထဲရှိ အသန့်ရှင်းဆုံးဌာန ကျက်သရေဆောင်ထဲတွင် ထားရသည်။ ထိုပဋိညာဉ် သေတ္တာကို ခရီးစဉ်တိုင်း၌ လေဝိလူများက တာဝန်ယူသယ်ဆောင်ကြသည်။ သေတ္တာတဘက်တချက်တွင် တပ်ထားသော ကွင်းများထဲ၌ တုတ်လျှိပြီး သယ်ထမ်းကြသည်။ ထိုပဋိညာဉ် သေတ္တာဖုံးကို ကရုဏာတော် ပလ္လင်ဟုလည်းခေါ်၍ ထိုအဖုံးပေါ်တွင် ခေရုဗိမ် ရုပ်နှစ်ခုသည် မျက်နှာချင်းဆိုင် တောင်ပံဖြန့်အုပ်ထားကြ သည်(ထွ ၂၅:၁၀၂၂၊ ၂၆း၃၃၊ ၃၄)။
ထိုပဋိညာဉ်သေတ္တာထဲတွင် ပညတ်တော်ဆယ်ပါး ရေးထွင်းထားသော ကျောက်ပြားနှစ်ချပ်(ထွ ၂၅း၁၆)၊ မန္ဒမုန့်အိုး၊ အာရုန်၏တောင်ဝှေး(ထွ ၁၆း၃၄၊ တော ၁၇း၁ဝ၊ ဟေဗြဲ ၉း၄၊ ၅)များရှိသည်။ ထိုပဋိညာဉ်သေတ္တာ သည် ဘုရား ရှင်နှင့် သူ့ အစေခံတို့ ဆုံစည်းရာဖြစ်သည်(ထွ ၂၅:၂၂)။