ဇဒ္ဒုကဲ (Sadducees)- ဇဒ္ဒုကဲတို့သည် ဖာရိရှဲတို့၏ ပြိုင်ဘက် ယုဒပါတီ အဖွဲအစည်းဖြစ်သည်။ ဓမ္မသစ်ကျမ်းမှ ယုဒယဇ်ပုရောဟိတ်ကြီး အများစုသည် ဇဒ္ဒကဲများဖြစ်ကြသည်။ ယဇ်ပုရောဟိတ် အဖွဲ့သားများဖြစ်ကြ၍ ကြွယ်ဝသော ယုဒလူများဖြစ်ကြသည်။ ဖာရိရှဲများကဲ့သို့မဟုတ်ဘဲ ယုဒတမျိုးသားလုံးနောက်သို့ လိုက်လျှောက်ခြင်းမရှိကြ။
ပမာဏသေးငယ်သော်လည်း ဇဒ္ဒုကဲများသည် တန်ခိုးအာဏာရှိကြသည်။ ခရစ်တော်နှင့် တမန်တော်များခေတ်ကာလတွင် ယုဒဘာသာရေးကောင်စီက ထိန်းချုပ်ထားသည်။ အေဒီ ၇၀ ခုနှစ်တွင် ဗိမာန်တော် ပျက်သုဉ်းချိန်မှစ၍ ဇဒ္ဒုကဲများသည် ကွယ်ပျောက်သွားကြသည်။ ထိုနောက်ပိုင်းတွင်မူ ယုဒဘာသာရေးသည် ဖာရိရှဲတို၏ ထိန်းချုပ်မှုအောက်သို ရောက်ရှိသည်။
ဇဒ္ဒုကဲများသည် နိုင်ငံရေးကို အထူးစိတ်ဝင်စားကြသောကြောင့် ဘာသာရေးအမြင်တွင် ဖာရိရှဲများနှင့် ခြားနားကြသည်။ ထိုသိုသော အမြင်ကို ခိုင်မာစွာ တွယ်ဖက်ကြ၍ သူတိုဆရာများသို စောဒကတက်ကြသည်။ ယဇ်ပုရောဟိတ်အဖွဲ့ ဖြစ်ကြသည့်အတိုင်း မောရှေ၏ ပညတ်တရားများကို လိုက်နာကြသည်။ သိုသော် ကျမ်းတတ်ပုဂ္ဂိုလ်များက ထပ်မံဖြည့်စွက်ကြသည့် ပညတ်ချက်များကို လက်မခံကြ။ ခန္ဓာကိုယ်ဖြင့် ထမြောက်ခြင်းကို ငြင်းပယ်ကြသည်။ စိတ်ဝိညာဉ်သေသည်နှင့် တပြိုင်နက် ရုပ်ခန္ဓာကိုယ်လည်းသေကြောင်း ခံယူကြသည်။ အကြောင်းသော် တမလွန်ဘဝနှင့် သေခြင်းအလွန် တရားစီရင်ခြင်း တို့ကို အယုံအကြည်မရှိကြ။ ကံကြမ္မာနှင့် ကြိုတင်စီရင်ခွဲခန့်ခြင်းက လူ့ဘဝထိန်းကျောင်းခြင်း၊ ကောင်းကင်တမန်နှင့် နာနာဘာဝတိုကိုလည်း အယုံအကြည်မရှိကြ(မာ ၁၂း၁၈၊ တ ၂၃း၈)။