စာတန် (Satan)- စာတန်သည် မာရ်နတ်၏ အကြီးအကဲဖြစ်၍ တခါတရံ မာရ်နတ် ဒေ၀ဒတ်(သို့) ဗေလဇေဗလ(မာ ၃း၂၂)ဟုလည်း ခေါ်သည်။ စာတန်၏ အနက်မှာ ရန်ဘက်ဖြစ်သည်။ တန်ခိုးထက်မြက်၍(၁ပေ ၅း၈) ကောက်ကျစ် စဉ်းလဲသော ပြိုင်ဘက်ဖြစ်သည်(၂ကော ၁၁း၁၄)။ ခရစ်တော်၏ အနီးစပ်ဆုံးတပည့်တော်များလည်း လှည့်စားနိုင်သည်(မ ၁၆း၂၃)။
စာတန်သည် လူများအား ခရစ်တော်အကြောင်း သမ္မာတရားမမြင်နိုင်ကြအောင် လှည့်စားဟန့်တား သည်(၂ကော ၄း၄)။ ဘုရားရှင်၏ သားသမီးမဟုတ်သူတိုင်းသည် စာတန်၏ လက်အောက်၌ရှိသည်။ သိုသော် ခရစ်တော် ကြွလာသောအခါ စာတန်၏ လုပ်ဆောင်ချက်များကို ဖျက်သိမ်းပစ်မည်(၁ယော ၃း၈)။
ဘုရားသခင်နှင့် စာတန်အကြား ဝိညာဉ်ရေးရာတိုက်ပွဲဟူသမျှသည်အပိုင်းအစမှစ၍ တန်ဘိုးရှိသည်။ ဘုရားသခင်သည် သမ္မာတရားဖြစ်၍ စာတန်သည် မုသာ၏ ဖခင်ဖြစ်သည်(ယော ၈း၄၄)။ ဘုရားရှင်သည် အသက်သခင်ဖြစ်၍ စာတန်သည် သေခြင်းမရဏာကို အုပ်စိုးသည်(ဟေဗြဲ ၂း၁၄)။ခရစ်ယာန်များသည် စာတန်ဘက်မှ ဘုရားရှင်ထံတော်သို ကူးမြောက်ရောက်ရှိသူများဖြစ်ကြသောကြောင့် စာတန်၏ ပစ်မှတ်ထား တိုက်ခိုက်ခြင်းခံနေကြရသည်။ စုံစမ်းခြင်း(၁ကော ၇း၅)၊ ဆန့်ကျင်ခြင်း(၁သက် ၂း၁၈) ခံကြသည်။ခရစ်ယာန်များက အသိဉာဏ်ပညာဖြင့် မာရ်နတ်ကို တွန်းလှန်သောအခါ မာရ်နတ်သည် ဝေးရာသို ထွက်ပြေးလေ့ရှိသည်(ယာ ၄း၇)။ ထိုသို တွန်းလှန်နိုင်ရန်ဘုရားပေးလက်နက်တန်ဆာဖြင့်သာ တန်ပြန်နိုင်သည်( ၆း၁၀-၁၈)။
ကားတိုင်တိုက်ပွဲတွင် ခရစ်တော်က စာတန်ကို အောင်နိုင်ခဲ့ပြီးဖြစ်၍အပြီးသတ် အောင်ပွဲရောက် လာဦးမည်(ဗျာ ၂၀း၁၀)။