Bible Dictionary


ကာန (Cana) -  ဂါလိလဲပြည်ရှိ ရွာငယ်ဖြစ်၍ ဤမြို့၌ ခရစ်တော်သည် ရေကို စပျစ်ရည် ဖြစ်စေသည် ( John 2:1-25 )။ ဤမြို့၌ပင်လျှင် ကပေရနောင်မြို့တွင် နာနေသောအမတ်၏သားတစ်ယောက်ကို အမိန့်တော်တခွန်းဖြင့် ရောဂါကို ပျောက်ကင်းစေလေသည် ( John 4:46 )။ နာသနေလသည် ဤမြို့ဇာတိဖြစ်သည် ( John 21:2 )။
အက္ကဒ် (Akkad) -  ရှိနာပြည်၌ရှိသော မြို့တမြို့ဖြစ်သည် (Genesis 1:1)။ တည်ရှိရာအရပ်ကိုမူကား အသေအချာမသိနိုင်ချေ။ ရှိနာပြည်သည် မက်ဆိုပိုတေးမီးယားဒေသ၌ တည်ရှိ၍ တိဂရစ်နှင့် ဥဖရတ်အကြားရှိ ဒေသဖြစ်သည်။