သမ္မာကျမ်းစာခေတ်လူတို့၏ နေ့စဉ်အသက်တာ နိဒါန်း

နိဒါန်း (Introduction)

ဤစာအုပ်ရေးသားခြင်းမှာ ဓမ္မသစ်ကျမ်းရေးသားပြုစုချိန် အစ္စရေးနိုင်ငံ သားများ၏ နေ့စဉ်ဘဝနေထိုင်ပုံအကြောင်းကို သိကျွမ်းစေရန် ဖြစ်သည်။ သခင်ယေရှု သက်တော်ထင်ရှားခဲ့သောအချိန်နှင့် ယခုအချိန်သည် ပထဝီအနေအထားအားဖြင့် အတော်ပင်တူညီသော်လည်း ယဉ်ကျေးမှုဓလေ့ထုံးစံမူကား၊ အလွန်ကွဲပြားခြားနား လေသည်။ ထို့ကြောင့် သမ္မာကျမ်းစာရေးသားပြုစုစဉ်က ပထဝီအနေအထား၊ သမိုင်း နောက်ခံနှင့် နေ့စဉ်အသက်ရှင်ပုံ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ခံစားသိမြင်သဘော ပေါက်နိုင်ရန်အတွက် သရုပ်ဖော်ရုပ်ပုံ များနှင့်တကွ စုဆောင်းတင်ပြထားပါသည်။