Bible Commentary

သမ္မာကျမ်းစာအနက်ဖွင့်


ကခုန် -  ကခုန်ခြင်း ဣသရေလလူတို့အတွက် လူထုအတွင်း ကခုန် ခြင်းသည် ဝမ်းမြောက်ရွှင်လန်းခြင်းတစ်မျိုးဖြစ်သည်။ ကခုန်ခြင်းကို အမျိုးသမီးများကသာ ပြုလုပ်လေ့ရှိသော်လည်း အခါအခွင့်သင့်လျှင် အမျိုးသားများလည်း ကခုန်တတ်ကြ သည် (ထွက်၊၁၅:၂၀။ သူကြီး၊ ၂၁ ၂၁။ ယေ၊၃၁၄၊၁၃)။ လူတို့သည် ရန်သူများအပေါ် အောင်နိုင်ခြင်း အစရှိသည့်ကြီးကျယ်သော အမျိုးသားရေး ကြုံရသည့်အခါများတွင် ကခုန်ကြပြီး (၁ရာ၊၁၈း၆-၇) ကြာမြင့်စွာ ကွဲကွာနေပြီးမှ ပြန်လည်ရောက်ရှိ လာသော မိသားစုဝင်တစ်ဦးအတွက်လည်း ကခုန်လေ့ရှိကြ သည် (လု၊၁၅း၂၃-၂၅)။ သို့သော် တစ်ခါတစ်ရံ ရုပ်တုကိုးကွယ် ရာတွင်လည်းကောင်း၊ ဖျော်ဖြေမှုတစ်ရပ်အနေနှင့်လည်းကောင်း၊ မတော်လျော်သော ကခုန်မှုမျိုးလည်း ရှိကြသည် (ထွက်၊၃၂၁၉။ မာ၊၆း၂၁-၂၂)။ ကလေးများသည်လည်း ကစားရင်း ကခုန်ရန် နှစ်သက်ကြပြီး (ယောဘ၊ ၂၁၁၁။ မ၊၁၁၁၇)၊ လူများအနေနှင့် လည်း ဣသရေလတို့၏ ပျော်ရွှင်ဖွယ်ရာ ဘာသာရေးပွဲများ တွင် ကခုန်ရန် နှစ်သက်ကြသည် (သူကြီး၊ ၂၁း၁၉-၂၁)။ ပင်လယ်နီကို ဖြတ်ကျော်ခဲ့ပြီးနောက် ဣသရေလလူတို့သည် ကခုန်ခြင်းအားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းခဲ့ ကြသည် (ထွက်၊၁၅း၂၀-၂၁)။ ယေရုရှလင်မြို့သို့ ပဋိညာဉ် သေတ္တာသယ်ဆောင်လာရာတွင်လည်း ကခုန်ခဲ့ကြသည် (၂ရာ၊၆း၁၄-၁၅)။ အချိန်များရွေ့လျားလာသည်နှင့်အမျှ ကခုန် ခြင်းကို ဣသရေလပြည်သူတို့အတွင်း ရှိခိုးပူဇော်ခြင်း တစ်စိတ်တစ်ဒေသအဖြစ် အမြဲပြုလုပ်လာကြသည် (ဆာ၊၁၄၉၃၊ ၁၅၀၄။ “တေးဂီတ-MUSIC”နှင့် “သီချင်းဆိုခြင်း SINGING” ခေါင်းစဉ်များ ကြည့်ပါ)။
- Synonyms: ကခုန်ခြင်း
အစအဦး -    အစအဦး၌ဟူသော စကားရပ်သည် သမ္မာကျမ်းစာ၏ အခြေခံ ယုံကြချက်ဖြစ်သည်။ ဤစကားရပ်ကို ယုံကြလက်ခံနိုင်မှသာလျှင် သမ္မာကျမ်းစာကို လက်ခံနိုင်သည်။ ကျမ်းစာပါ အကြောင်းအရာများကို ယုံကြည်နိုင်မည်။ ကမ္ဘာဦးကျမ်းတွင် ဖန်ဆင်းခြင်းအမိန့်အာဏာ ပေါ်ထွန်းခြင်း ရှင်းပြထားသည်။ လူသားအားလုံးနှင့်သက်ဆိုင်သော် အကုန်အစင် သိနိုင်စွမ်းမရှိကြ။ ဘုရားသခင်၏ ဉာဏ်ပညာတော် စူးစမ်းရှာဖွေခြင်းထက် အသိအမှတ်ပြုခြင်းက ပိုကောင်းပါသည်။ သမ္မာကျမ်းစာကို အသိအမှတ်မပြု လက်မခံ ငြင်းပယ်သူများအား သမ္မာကျမ်းစာက နာမည်သီးသန့် ပေးထားပါသည်။ ထိုနာမည်မှာ သူရူး၊ သူမိုက်ဖြစ်သည် (ဆာ ၁၄:၁၊ ၅၃:၁)။ သမ္မာကျမ်းစာသည် ဘုရားသခင်ထံမှ စတင်ပေ:လာခြင်းဖြစ်သည်။ ထို့ကြောင့် လူ့အသက်ဇီဝနှင့်အတူတူဖြစ်၍ လူ့ဘဝအသက်တာတွင် ပထမ ဦးဆုံးနေရာ၌ ထားရှိရမည်။
- Synonyms: အစအဦး၌