သင်ခန်းစာ (၂) ချစ်ခြင်းမေတ္တာအမျိုးအစား (၃) မျိုး

You are here:
  • Bible Handbook Home
  • Bible Study
  • သင်ခန်းစာ (၂) ချစ်ခြင်းမေတ္တာအမျိုးအစား (၃) မျိုး
< Back

သင်ခန်းစာ (၂) ချစ်ခြင်းမေတ္တာအမျိုးအစား (၃) မျိုး

ဂျပ်စတင်က သူသည် တချိန်တည်း၌ ကောင်မလေး(၃)ဦးနှင့် ချစ်ကျွမ်းဝင်နေသည်ဟု သူထင်ခဲ့ သည်။ Karen သည် ဂျပ်စတင်နှင့်အသင်းတော်တစ်ခုတည်းကဖြစ်ပြီး ဘုရားကျောင်းဝတ်ပြုစည်းဝေးပွဲများတွင် မကြာခဏတွေ့ကြသည်။ ဤကောင်မလေးနှင့်စပ်လျဉ်း၍ ထူးခြားတာတစ်ခုခုရှိသည်။ သူမသည် သခင့်ထံမိမိကိုယ်ကို လုံးဝဆက်ကပ်အပ်နှံထားပြီး တစ်ကိုယ်ကောင်းဆန်ခြင်းကင်းမဲ့၍ အခြားသူများ အတွက် အမြဲတမ်းစဉ်းစားပေးသည်။ သူမနှင့်အတူရှိစဉ်အချိန်အတွင်း ဂျပ်စတင်သည် ကြီးကျယ်စွာ တွေးတောပြီးအိပ်မက်ကြီးကြီးမားမား မက်လေ့ရှိသည်။ သူသည် လှုံ့ဆော်ခြင်းကိုခံရပြီး သခင်အတွက်နှင့် အခြားသူများအတွက် အစေခံပေးသည်။

ထို့နောက် Sandra ဆိုသောကောင်မလေးရှိသည်။ သူမသည် ဂျပ်စတင်နှင့်ဘေးချင်းကပ်အိမ်နီးချင်း ဖြစ်ပြီး ဂျပ်စတင်နှင့်အတူ ကြီးပြင်းလာသူဖြစ်သည်။ သူနှင့်သူမအကြားတွင် မည်သည့်ကိစ္စကိုမဆို ပြောဆို ဆွေးနွေးနိုင်သည်။ သူမသည် အားကစားထူးချွန်ပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်သူဖြစ်သည်။ အကောင်းဆုံး အချက်မှာ သူမသည် သူ့ကိုအမှန်တကယ်နားလည်ပေးခြင်းဖြစ်သည်။ သူ့တွင် ပြဿနာတစ်ခုခုရှိပြီး အကြံဉာဏ်လိုအပ်ပါက၊ ဂျပ်စတင်သည် သူမထံသို့သာ တည့်တည့်မတ်မတ်သွားခဲ့သည်။ သူသည် သူမ အတွက်နက်ရှိုင်းစွာဂရုစိုက်သော်လည်း သူမကို တစ်ခါမှ မနမ်းခဲ့ပါ။ အမှန်မှာ သူသည် သူမအား နမ်းလို စိတ်ပင်မရှိပါ။ Sandra အပေါ်တွင်ထားသော သူူမကို တစ်ခါမှမနမ်းခဲ့ပါ။ အမှန်မှာ သူသည် သူမအားနမ်းလို စိတ်ပင်မရှိပါ။ သူသည် သူမ အတွက် သူ၏မေတ္တာ မှာ ၅၂၈ မေတ္တာမျိုးသာဖြစ်သည်။

ဂျပ်စတင်၏ဘဝရှိ တတိယမြောက်မိန်းကလေးမှာ Linda ဖြစ်သည်။ သူမသည် လုံးဝဥဿုံ ကြွေလောက်သော သူ ဖြစ်သည်။ သူမတွင် လှပသောမျက်နှာလေးရှိရုံသာမက ကိုယ်ခန္ဓာလှပကျော့ရှင်းသူ ဖြစ်သည်။ သူသည် သူမနှင့် ပါတီပွဲများသို့ အတူတူသွားရခြင်းအတွက် အလွန်ပင်ဂုဏ်ယူခဲ့သည်။ သို့သော် သူတို့သည် ချိန်းတွေ့ကြ သောအခါ သူတို့အကြားတွင်ဆွေးနွေးစရာကိစ္စများ မရှိသလောက်ပင်ဖြစ်သည်။ သူတို့နှစ်ဦးအကြားရှိ ဆွဲဆောင်မှုမှာ အများအားဖြင့် ခန္ဓာပိုင်းအရ ဆွဲဆောင်မှုသာဖြစ်သည်။

ဂျပ်စတင်၏အချစ် (၃) ချစ်က အချစ်အမျိုးအစား (၃)မျိုးရှိသည်ဆိုသည့်အချက်ကို ဖော်ပြသည်။ လူငယ်အများစု သည် တချိန်ချိန်တွင် လက်ထပ်လိုကြပြီး ပျော်ရွှင်ဖွယ်ကောင်း၍အောင်မြင်သောအိမ်ထောင် ရေးကိုသာ လိုချင်မည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် ဤကဲ့သို့အိမ်ထောင်ရေးမျိုးကို အလွယ်တကူမရ နိုင်ပါ။ အမှန်မှာ အိမ်ထောင်ရေး နှစ်ခု အနက် တစ်ခုမှာ ကွာရှင်းခြင်းဖြင့်သာ အဆုံးသတ်သွားလေ့ရှိသည်။ ဤအချက်ကဆိုလိုသည်မှာ လက်ထပ်ထားသော လူများ၏ တစ်ဝက်ခန့်မှာ သူတို့သည် ချစ်ကျွမ်းဝင်နေသည် ဟုထင်ကြသော်လည်း အလျင်အမြန် အဆုံးသတ်သွားလေ့ ရှိသူတို့၏အိမ်ထောင်ရေးကဲ့သို့ လက်လျှော့အရှုံးပေးလိုလာကြသည်။ အိမ်ထောင်ဖက်အများစုသည် အချင်းချင်း မုန်းတီး ခြင်းအားဖြင့် အဆုံးသတ်သွားပြီး ကံကောင်းသောအချို့ အိမ်ထောင်ဖက်များသာ ဆက်လက်အဆင်ပြေစွာ ပေါင်းသင်း နိုင်ကြ သလော၊ အိမ်ထောင်ရေးသည် လူအများစုရှုံးနိမ့်သွားသော လောင်းကစားပွဲတစ်ခုဖြစ်သလော၊ မဟုတ်ပါ။ ထိုသို့ မဟုတ်ပါ။ ပျော်ရွှင်ဖွယ် ကောင်းသောအိမ်ထောင်တစ်ခုတွင် မရှိမဖြစ်ပါဝင်ရမည့်အရာများရှိသည်။

သာယာပျော်ရွှင်သောအိမ်ထောင်ရေးတစ်ခုတွင် ရှိရမည့်ချစ်ခြင်းမေတ္တာအမျိုးအစား (၃)မျိုးရှိသည်။ ဤအမျိုး အစား (၃)ခုကို ပိရမစ်တစ်ခုအဖြစ် သတ်မှတ်လိုက်ပါက၊ ကျွနု်ပ်တို့နားလည်နိုင်ရန် အကူအညီ ပေးလိမ့်မည်။ ပိရမစ်၏ အောက်ဆုံးအဆင့်တွင် အဂ္ဂါပေ ဆိုသော အထူးချစ်ခြင်းမေတ္တာအမျိုးအစားရှိသည်။ အလယ်အဆင့်တွင် ၅၂၈ ချစ်ခြင်း မေတ္တာ အမျိုးအစားရှိပြီး၊ ထိပ်ဆုံးတွင် ခန္ဓာ (သို့) လိင်ပိုင်းဆိုင်ရာ ချစ်ခြင်းမေတ္တာရှိသည်။

အဂ္ဂါပေချစ်ခြင်းမေတ္တာ
Agape Love

အဂ္ဂါပေ ဟူသောဂရိစကားလုံးကို အထူးချစ်ခြင်းမေတ္တာအမျိုးအစားတစ်ခုအား ဖော်ပြရာတွင်အသုံး ပြုသည်။ ဤစကားလုံးအားအသုံးပြုရခြင်းအကြောင်းအရင်းမှာ ဤသို့သောမေတ္တာကိုဖော်ပြရန်အတွက် အင်္ဂလိပ်စကားလုံး မရှိသော ကြောင့် ဖြစ်သည်။

အဂ္ဂါပေချစ်ခြင်းမေတ္တာဆိုသည်မှာ အဘယ်နည်း။ ယင်းမေတ္တာမှာ အခြားသူတဦး၏အထွတ်အထိပ် ကောင်းကျိုး အတွက် မိမိကိုယ်ကိုစွန့်လွှတ်ပေးဆပ်သော မေတ္တာမျိုးပင်ဖြစ်သည်။

အဂ္ဂါပေချစ်ခြင်းမေတ္တာတွင် အဓိကကြန်အင်လက္ခဏာနှစ်ခုရှိသည်။

(၁) ဤမေတ္တာသည် တစ်ကိုယ်ကောင်းဆန်ခြင်း လုံးဝကင်းမဲ့သည်။

(၂) ဤမေတ္တာသည် ဆက်ကပ်အပ်နှံထားမှုရှိသောမေတ္တာမျိုးပင်ဖြစ်သည်။ မိမိချစ်သောသူက ဘယ်လိုပဲ ဖြစ်ဖြစ် ဆက်လက် ချစ်မြတ်နိုးနေသော မေတ္တာဖြစ်သည်။

၁ကောအခန်းကြီး (၁၃)ကို အချစ်အခန်းကြီးဟုခေါ်သည်။ အကြောင်းမှာ ချစ်ခြင်းမေတ္တာက မည်သို့ပြုမူသလဲ ဆိုတာ ကို ပြောထားသောကြောင့်ဖြစ်သည်။ ချစ်ခြင်းမေတ္တာက ဤနည်းလမ်းအားဖြင့် မိမိ ကိုယ်ကိုထုတ်ဖော်ပြသသည်။

မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ။ ဝါကြွားခြင်း မရှိ။ မာန်မာန မရှိ။ မလျောက်ပတ်စွာမကျင့်တတ်။ ကိုယ်အကျိုးကိုမရှာတတ်။ ဒေါသအမျက်မထွက်တတ်။ အပြစ်ရှိသည်ဟုမထင်တတ်။ မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်။ သမ္မာတရား၌ဝမ်းမြောက် တတ်၏။ ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကိုယုံတတ်၏။ ခပ်သိမ်းသောအရာ ကိုမျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။ မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။

အဂ္ဂါပေချစ်ခြင်းမေတ္တာသည် ထူးခြားသောခံစားချက်တစ်ခုသာမဟုတ်ပါ။ စိတ်အလို၏တိကျစွာ ရွေးချယ်မှု ပင် ဖြစ်သည်။ အဂ္ဂါပေအချစ်နှင့် ပတ်သက်၍အံ့သြဖွယ်အရာများထဲမှတစ်ခုမှာ ဤအရာဖြစ်သည်။ သင်သည် တစုံတဦးအား တစ်ကိုယ်ကောင်းဆန်ခြင်းကင်းမဲ့စွာဖြင့် ချစ်၍နှစ်လိုဖွယ်သူ့အပေါ်တွင် ပြုမူဆက်ဆံရန်အတွက် ရွေးချယ်ဆုံးဖြတ်ပါက၊ အချိန်တန်သောအခါ သူ့အပေါ်တွင်ချစ်လာနိုင်သည်ကို ခံစားရမည်ဖြစ်သည်။

အဂ္ဂါပေချစ်ခြင်းမေတ္တာကို သင်ယူနိုင်ရန်အတွက် ထူးခြားကောင်းမွန်သောနေရာတစ်ခုကို ဘုရားသခင်က ကျွန်ုပ် တို့အား ပေးထားသည်။ ထိုနေရာမှာ မိမိတို့၏အိမ်ပင်ဖြစ်သည်။ အကယ်၍ သင်သည် အိမ်၌နေနေပါက ဘုရားသခင် က သင့်အား မေတ္တာကို အခြားအိမ်ထောင်စုဝင်တို့အားပြစေလိုသည်။ အခြားသူများအပေါ်မေတ္တာထားလိုသော ခံစားချက် ရှိ လာသည့်အချိန်ထိ စောင့်ဆိုင်းစရာမလိုပါဆိုသည့် အချက်ကိုသတိရပါ။ သင်သည် သူတို့အား ချစ်ရန် အတွက် ရွေးချယ် ဆုံးဖြတ်နိုင်ပြီး သူတို့အပေါ်တွင် စတင်၍နှစ်လိုဖွယ် ပြုမူဆက်ဆံနိုင်သည်။ ဤသို့လုပ်ခြင်းသည် သင်၏အနာဂတ် အိမ်ထောင်ရေး အတွက် အလွန်ကောင်းသောလေ့ကျင့်ခန်းပင်ဖြစ်သည်။

မည်သူမဆိုသည် မိမိလက်ထပ်ရန်ပြင်ဆင်ထာသည့် သူအပေါ်တွင်နှစ်လိုဖွယ်ပြုမူဆက်ဆံမည်မှာ သေချာသည်။ ထိုသို့ဆက်ဆံမှသာ သူတို့အတွက်အကျိုးရှိမည်ဖြစ်သောကြောင့်ဖြစ်သည်။ သို့သော် လက်ထပ်ပြီးသည်နှင့်တပြိုင်နက် နေ့စဉ်လုပ်ငန်းတာဝန်များရှိလာမည်ဖြစ်ပြီး သူတို့၏အခြေခံသဘာဝသည်ပေါ်လွင်လာမည်ဖြစ်သည်။ အကယ်၍ သူတို့ သည် လက်ရှိမိသားစုဘဝတွင် တစ်ကိုယ်ကောင်းဆန်ပြီး မိမိအကျိုးကိုသာကြည့်ပါက၊ သူတို့၏ အနာဂတ် အိမ်ထောင်ရေး တွင်လည်း ထိုကဲ့သို့သာဖြစ်လိမ့်မည်။

လူငယ်လူရွယ်များလုပ်လေ့ရှိသည့် အကြီးမားဆုံးအမှားများထဲမှတစ်ခုမှာ မိမိတို့၏အိမ်တွင် မနေလိုသောကြောင့် အလျင်စလို လက်ထပ်ကြခြင်းဖြစ်သည်။ သို့သော် သင်သည် အိမ်၌နေထိုင်တတ်ရန်နှင့်အခြားမိသားစုဝင်များအား လက်ခံ ရန်၊ ချစ်တတ်ရန်အတွက် မသင်မယူမချင်း သင်သည် အိမ်ထောင်တစ်ခုကိုတည်ထောင်ရန်အတွက် အဆင်သင့် မဖြစ် သေးပါ။

အိမ်ထောင်ပြုရန် မစဉ်းစားမီတွင် သင်နှင့်လက်ထပ်မည့်သူအား အဂ္ဂါပေမေတ္တာမျိုးဖြင့်ချစ်နိုင်ရဲ့လားဆိုတာနှင့် သူကရော သင့်ကို အဂ္ဂါပေမေတ္တာမျိုးဖြင့်ချစ်နိုင်လားဆိုတာကို သိရှိရန်လိုအပ်သည်။

သာယာပျော်ရွှင်သောအိမ်ထောင်ဆိုသည်မှာ ပြီးပြည့်စုံသောလူနှစ်ဦး မတော်တဆတွေ့ပြီး လက်ထပ်ကြခြင်းမျိုး မဟုတ်ပါ။ ပြီးပြည့်စုံသောသူများဟူ၍မရှိပါ။ သာယာပျော်ရွှင်သောအိမ်ထောင်ရေး ဆိုသည်မှာ မပြီးပြည့်စုံသော လူနှစ်ဦး သည် တွေ့ဆုံပေါင်းဖက်ကြပြီး တစ်ဦးကိုတစ်ဦး တစ်ကိုယ်ကောင်း ဆန်ခြင်း ကင်းမဲ့၍ ဆက်ကပ်အပ်နှံမှုရှိသော အဂ္ဂါပေ မေတ္တာမျိုးဖြင့် ချစ်ကြသော အိမ်ထောင်ရေးကိုဆိုလိုသည် အဂ္ဂါပေအချစ်သည် မျက်ကန်းအချစ်မဟုတ်ပါ။ ဤအချစ်သည် အခြားသူ၏အပြစ်အနာအဆာများကို မြင်မည်ဖြစ်သော်လည်း ချစ်ခြင်းမေတ္တာဖြင့် ဖုံးကာလိုက်မည် ဖြစ်သည်။ သင်သည် တစုံတဦးကို အမှန် တကယ်ချစ်သောအခါ၊ သူတို့အား ပြောင်းလဲလာအောင် ပြုလုပ်ရန် သင်ကြိုးစားမည် မဟုတ်ပါ။ သူတို့၏ လက်ရှိဘဝ၌ပင် သူတို့အား သင်သည်လက်ခံ၍ချစ်မည်ဖြစ်သည်။ အဂ္ဂါပေအချစ်က ဤသို့ပြောသည်။ ““ဘာတွေပဲဖြစ်လာပါစေ၊ ကျွနု်ပ်သင့်ကိုချစ်မည်ဖြစ်ပြီး အမြဲတမ်းချစ်နေမှာပါ။”” သာယာပျော်ရွှင် အောင်မြင်သော အိမ်ထောင်ရေး တစ်ခု၌ ဤသို့သောမေတ္တာမျိုးရှိရန် မည်မျှမရှိမဖြစ်လိုအပ်သည်ကို သင်တွေ့နိုင်ပြီးဖြစ်သည်။

အဂ္ဂါပေချစ်ခြင်းမေတ္တာသည် အိမ်ထောင်ရေးအတွက်သာမဟုတ်ပါ။ ကျွနု်ပ်တို့သည် လူတိုင်းအပေါ်တွင် အဂ္ဂါပေ မေတ္တာမျိုးထားနိုင်အောင် ကြိုးစားသင့်သည်။ လူတိုင်းသည် ဘုရားသခင်၏ချစ်ခြင်းကို ခံရသူများဖြစ်သည်။ လူအယောက် စီတိုင်းသည် ဘုရားသခင်အတွက်အလွန်အမင်းအဖိုးထိုက်လှသည်။ သူ၏မေတ္တာသည် လူတိုင်းအပေါ်တွင် သက်ရောက်မှု ရှိသကဲ့သို့ ကျွနု်ပ်၏မေတ္တာမှာလည်း ထိုကဲ့သို့ ဖြစ်သင့်သည်။

အဂ္ဂါပေမေတ္တာနှင့်ပတ်သက်၍ ပြီးပြည့်စုံသောဥပမာတစ်ခုကို ဘုရားသခင်ကပေးထားသည်။ သူသည် အပြစ်ရှိ သောလူသားများဖြစ်သည့် သင်နှင့် ကျွနု်ပ်အတွက် သူ၏သားတော်ကိုကားတိုင်ထက်၌ သေစေခဲ့သည်။ ကျမ်းစာက ““ငါတို့သည်အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်အသေခံတော်မူသည် ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတို့အားထင်ရှားစွာပြတော်မူ၏””

သူငယ်ချင်း (၅၂၈) ချစ်ခြင်းမေတ္တာ
Friendship Love

ဤသို့သောနွေးထွေးသည့်မေတ္တာကို ကျွနု်ပ်တို့နှင့်ပလဲနံပသင့်သော မိတ်ဆွေကောင်းများအပေါ် တွင် ထားကြ သည်။ ဤသို့သောမေတ္တာမျိုးဖြင့်ချစ်နိုင်သော ယောက်ျားလေးမိတ်ဆွေများ၊ မိန်းခလေးမိတ်ဆွေများ သင့်တွင်ရှိသင့်သည်။ ခရစ်ယာန်များသည် လူတိုင်းအား အဂ္ဂါပေမေတ္တာဖြင့် ချစ်နိုင်ရန်ကြိုးစားသင့် သော်လည်း၊ လူတိုင်းနှင့် ရင်းနှီးသော မိတ်ဆွေများ မဖြစ်လာနိုင်ပါ။ ၅၂၈ မေတ္တာသို့ရောက်သောအခါ၊ ကျွနု်ပ်တို့၏ချစ်မြတ်နိုးခြင်းကို ခံရသောအရာများသည် ကျဉ်းမြောင်းသွားသည်ကို ပိရမစ်ကို ကြည့်ခြင်းဖြင့် တွေ့ရမည်ဖြစ်သည်။ တနည်းအားဖြင့် ၅၂၈ မေတ္တာမျိုးဖြင့် လူအချို့ ကိုသာ ချစ်နိုင်မည်ဖြစ်သည်။
အောင်မြင်သောအိမ်ထောင်ရေးကို ရရှိရန်အတွက်၊ သင်နှင့်သင့်ခင်ပွန်းကြားတွင် ၅၂၈ မေတ္တာရှိရ မည်ဖြစ်သည်။ ထိုမှသာအတူတူပြောဆို၊ လုပ်ကိုင်ရခြင်း၊ အတူတူနေထိုင်ရခြင်းနှင့် တဦးကိုတဦးဝေမျှပေး ဆပ်ခြင်းတို့တွင် သင်သည် ဝမ်းမြောက်နိုင်မည်ဖြစ်သည်။
ခင်ပွန်းနှင့်ဇနီးကြားတွင် ရိုသေလေးစားမှုနှင့် ချစ်မြတ်နိုးခြင်းမရှိသောအိမ်ထောင်ရေးသည် အိပ်ရာပေါ်တွင် စိတ်ဆန္ဒပြင်းပြမှုများစွာရှိနေသော်လည်း ကျေနပ်နှစ်သက်စရာကောင်းသည့် အိမ်ထောင်ရေးမျိုး ဖြစ်မည်မဟုတ်ပါ။

လိင်ပိုင်းအရ ချစ်ချင်းမေတ္တာ
Sexual Love

ဤသို့သောမေတ္တာသည် ခင်ပွန်းနှင့်ဇနီးအကြားတွင်ရှိသော အရင်းနှီးဆုံးနှင့်အထူးခြားဆုံး ချစ်ခြင်းမေတ္တာ အမျိုုး အစား တစ်ခုပင်ဖြစ်သည်။ လိင်ပိုင်းအရမေတ္တာကို ကျွနု်ပ်တို့နှင့် လက်ထပ်မည့်သူတဦး အပေါ်တွင်သာ ထားသင့်သည်။ လိင်းပိုင်းအရမေတ္တာနှင့် ပတ်သက်လာလျှင် လူတဦးအပေါ်တွင်သာ ထားရမည်ကို ပိရမစ်၏ ထိပ်ဆုံးအဆင့်က အလွန် ကျဉ်းမြောင်းသွားခြင်းအားဖြင့်ပြသသည်။

အစအဦး၌ ဘုရားသခင်သည် လူယောက်ျားနှင့် မိန်းမကို ဖန်ဆင်းခဲ့သည်။ သူတို့သည် တဦးကို တဦး တဘဝလုံး အတွက် ဆပ်ကပ်အပ်နှံထားကြသည်။ အိမ်ထောင်ရေးနှင့် ပတ်သက်လာလျှင် ဘုရားသခင်၏အစီအမံမှာ လူယောက်ျား တစ်ဦး နှင့် မိန်းမတစ်ဦးသည် တစ်ဘဝလုံးအတွက် အချင်းချင်းဆက်ကပ်အပ် နှံထားကြရန်ဖြစ်သည်။

ဘုရားသခင်သည် ကလေးများမွေးဖွားရန်အတွက်သာ မဟုတ်ဘဲ သာယာပျော်ရွှင်မှုအတွက်လည်း လိင်ကို ပေးထားခြင်းဖြစ်သည်။ ယောက်ျားနှင့် ဇနီးမယားသည် လိင်ဆက်ဆံခြင်းအားဖြင့် တဦးအပေါ်တွင် တစ်ဦး ထားသော မေတ္တာကို အပြည့်ဝဆုံး ပြသနိုင်သည်။ ဤသည်မှာ အိမ်ထောင်ရေးဘဝ၏အကြီးမားဆုံး ကောင်းချီးမင်္ဂလာနှင့် အခွင့်ထူး များထဲမှ တစ်ခုဖြစ်သည်။

သင်၏အိမ်ထောင်ရေး၌ လိင်ပိုင်းဆိုင်ရာ ချစ်ချင်းမေတ္တာ၏ကောင်းချီးမင်္ဂလာကို ကာကွယ်ရန် ထိန်းသိမ်းရန် အတွက် ဘုရားသခင်က ဤအမိန့်ကိုပေးထားသည်။ ““ သူ့မယားနှင့်မပြစ်မှားရ”” ဤအမိန့်က လိင်ပိုင်းဆိုင်ရာ အညစ် အကြေး အားလုံးကို တားဆီးသည်။ မတရားသော မေထုန်၌မှီဝဲသည်ဆိုသည်မှာ လက်မထပ်ရသေးသောယောက်ျားနှင့် မိန်းမ လိင်ဆက်ဆံခြင်းကို ဆိုလိုသည်။ ဖောက်ပြန်ခြင်းဆိုသည်မှာ လက်ထပ်ပြီးသောသူက သူ့ခင်ပွန်းမဟုတ်သောသူ တစ်ဦးဦးနှင့် လိင်ဆက်ဆံခြင်းကိုဆိုလိုသည်။ အဓမ္မ မေထုန်နှင့် ဖောက်ပြန်ခြင်းနှစ်ခုစလုံးကို အခြားသောလိင်ပိုင်းဆိုင်ရာ ညစ်ညူးခြင်းများနှင့်အတူ ဘုရားသခင်က တားမြစ်ထားသည်။

ဘုရားသခင်က လိင်ကိုမဆန့်ကျင်ပါ။ လိင်ပိုင်းဆိုင်ရာအသုံးမှားခြင်းကိုမူဆန့်ကျင်သည်။ အမှန် မှာလိင်သည် ဘုရားသခင်၏ ကနဦးအကြံအစည်တစ်ခုပင်ဖြစ်သည်။ အိမ်ထောင်ရေးဘဝ၌ ဤအရာသည် ကျွန်ုပ်တို့ဝမ်းမြောက်နိုင်သော ကောင်းချီးများထဲမှ တစ်ခုဖြစ်သည်။ ဘုရားသခင်က ထိုသို့ဖြစ်စေလို သည်။

လိင်ပိုင်းဆိုင်ရာချစ်ချင်းမေတ္တာသည် ထူးခြားကောင်းမွန်သော်လည်း အောင်မြင်သော အိမ်ထောင်ရေး တစ်ခု၏ အုတ်မြစ်လုံးဝမဖြစ်နိုင်ပါ။ စုံတွဲများစွာတို့သည် သူတို့၏အိမ်ထောင်ရေးကို ခန္ဓာပိုင်း ဆိုင်ရာ အချစ်(သို့) လိင်ပိုင်းဆိုင်ရာ ချစ်ခြင်းမေတ္တာပေါ်တွင် အခြေပြု၍ တည်ဆောက်ရန် ကြိုးစားကြသည်။ သူတို့၏အိမ်ထောင်ရေးသည် ခဏတာသာ တည်မြဲနိုင်ပြီး ဘဝ၏မုန်တိုင်းများ ကျလာသောအခါ သူတို၏အိမ်ထောင်ရေးသည် ရှုံးနိမ့်သွားမည်ဖြစ်သည်။ လိင်ဆိုင်ရာ မေတ္တာပေါ်၌ အခြေပြု၍သာယာအောင်မြင်သော အိမ်ထောင်ရေးကို မတည်ဆောက်နိုင်ကြောင်းကို သူတို့သည် အလွန် နောက်ကျမှ သိသွားကြလေ့ရှိသည်။

ကျွန်ုပ်တို့သည် ချစ်ချင်းမေတ္တာအမျိုးအစား (၃)ခုစလုံးကိုလိုအပ်သည်။

ကျွန်ုပ်သည် ချစ်ချင်းမေတ္တာအမျိုးအစား(၃)ခုဖြစ်သည့် အဂ္ဂါပေ၊ သူငယ်ချင်း(၅၂၈)၊ လိင်ပိုင်းဆိုင်ရာ ချစ်ခြင်း မေတ္တာ အကြောင်းတို့ကို ဆွေးနွေးခဲ့ပြီးဖြစ်သည်။ ဤ(၃)ခုထဲမှ ဘယ်မေတ္တာသည် အိမ်ထောင် ရေးဘဝတွင် အလိုအပ်ဆုံး ဖြစ်မည်နည်း? အဖြေမှာ (၃)ခုစလုံးပင်ဖြစ်သည်ဍ ခြေထောက်(၃)ချောင်းပါသော ခုံနှင့်တူသည်။ ဤခုံကို မလဲကျ စေရန်အတွက် ခြေထောက်(၃)ချောင်းစလုံးကို သင်လိုအပ် သည်။

သို့သော် ဤမေတ္တာအမျိုးအစား(၃)ခုသည် အစဉ်အတိုင်းအတူတကွဖြစ်တည်ရန်မှာ အလွန်အရေး ကြီးသည်။ ပထမဆုံးအနေဖြင့် သာယာပျော်ရွှင်သောအိမ်ထောင်ရေးတစ်ခုအတွက် သင့်တွင်အဂ္ဂါပေမေတ္တာ ရှိရမည်။ ဤမေတ္တာသည် အခြားသူ၏အထွဋ်အထိပ်ကောင်းကျိုးကိုသာ လိုလားသော တကိုယ်ကောင်း ဆန်ခြင်းကင်းမဲ့သည့် မေတ္တာဖြစ်သည်။ ထို့နောက်သင်သည် သူငယ်ချင်းမေတ္တာကို လိုအပ်သည်။ ဤသို သောမေတ္တာက ခင်ပွန်းယောက်ျားနှင့် ဇနီးသည် အတူတူ

ရှိရခြင်း၌ ဝမ်းမြောက်စေသည်။ နောက်ဆုံးအနေဖြင့် ပျော်ရွှင်သောအိမ်ထောင်ရေး၌ စိတ်ကျေနပ်ဖွယ်ကောင်းသော လိင်ပိုင်းဆိုင်ရာ မေတ္တာရှိရမည်။

ကံမကောင်းစွာပင် လူငယ်အများစုသည် ခန္ဓာပိုင်း(သို့) လိင်ပိုင်းဆိုင်ရာမေတ္တာအပေါ်တွင်သာ အလေးအနက် ထား အလျင်စလိုပြုလုပ်ကြသည်။ ဤအရာကသာ၍စိတ်လှုပ်ရှားဖွယ်ကောင်းသော်လည်း၊ ဤသို့လုပ်ခြင်းက ပိရပစ်ကို ဇောက်ထိုးတည်ဆောက်နေခြင်းပင်ဖြစ်သည်။ အလုပ် ဖြစ်မည်မဟုတ်ပါ။

ယောက်ျားဖြစ်သူနှင့် ငါးလကြာသာပေါင်းဖက်ပြီး ကွာရှင်းခဲ့သောမိန်းခလေးတစ်ဦးက သူ့ ယောက်ျားနှင့် ပတ်သတ်၍ ဤသို့ပြောခဲ့သည်။ ““ကျွန်မယောကျ်ားဟာ စစ်မှန်သောအချစ်နဲ့မချစ်တတ်ပါဘူး။ လိင်ပိုင်းဆိုင်ရာ အချစ် သည် အစပိုင်း၌သူတို့နှစ်ဦးအတွက် ဆွဲဆောင်မှုအရှိဆုံးအရာဖြစ်ခဲ့သည်။ သူတို့နှစ်ဦးကြားတွင် ၅၂၈ မေတ္တာလည်း အတိုင်းအတာတစ်ခုအထိ ရှိခဲ့သည်။ အကြောင်းမှာ သူတို့သည် ကစားပွဲများကိုအတူတူသွားရခြင်းနှင့် ဂီတအမျိုးအစား အချို့ကို အတူတူနားထောင်ရခြင်း၌ ဝမ်းမြောက်ခဲ့သည်။

ဘယ်အရာက ပျောက်ဆုံးနေသနည်း။ အခြားသူတစ်ဦး၏အထွတ်အထိပ်အကျိုးကို လိုလားပြီး တကိုယ်ကောင်း ဆန်ခြင်း ကင်းမဲ့စွာ ချစ်သောအချစ်သည်သူတို့နှစ်ဦးကြားတွင် ပျောက်ဆုံးနေခဲ့သည်။ ဤ သို့သောအချစ်သည် ဆက်ကပ် အပ်နှံခြင်းကိုဖြစ်ပေါ်စေပြီး လူနှစ်ဦးအားအတူတူရှိစေနိုင်ပြီး သူတို့၏ပြဿနာများကို ဖြေရှင်းစေနိုင်သည်။ သင်သည် သင်၏အနာဂတ်အဖော်နှင့် တစ်ဦးကိုတစ်ဦး စစ်မှန်သော အဂ္ဂါပေမေတ္တာနှင့် ၅၂၈ မေတ္တာတို့ဖြင့်ချစ်နိုင်သည်ဟု သေချာမှ သာ လက်ထပ်သင့်သည်။

မေတ္တာအမျိုးအစား (၃)ခုကို ပိရမစ်တစ်ခုအနေဖြင့် စဉ်းစားခဲ့ပြီးဖြစ်သည်။ သို့သော် ပိရမစ်အား မခိုင်မာသော သဲပေါ်တွင်မဆောက်နိုင်ပါ။ မာကျောသောအုတ်မြစ်လိုအပ်မည်ဖြစ်သည်။

ကျွနု်ပ်တို့၏ပိရမစ်အခြေခံအုတ်မြစ်မှာ ဘုရားသခင်၏မေတ္တာတော်ပင်ဖြစ်သည်။ မိမိတို့ဘာသာ ဆိုလျှင် အခြားသူ များအား ကျွနု်ပ်တို့အဂ္ဂါပေမေတ္တာမျိုးဖြင့် ချစ်နိုင်မည်မဟုတ်ပါ။ ယေရှုခရစ်တော်အား ကျွနု်ပ်တို့၏ကယ်တင်ရှင် အဖြစ် ယုံကြည်လက်ခံလိုက်ချိန်တွင် ထူးခြားအံ့သြဖွယ်အရာများထဲမှတစ်ခုသည်ဖြစ်လာသည်။ ဘုရားသခင်ချစ်ခြင်းမေတ္တာသည် ကျွနု်ပ်တို့၏နှလုံးသားအတွင်းသို့ သွန်းလောင်းခြင်း ကိုခံရသည်။ ကျမ်းစာက ““…ငါတို့အားပေးတော်မူသော သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်၏ မေတ္တာတော်ကို ငါတို့စိတ်နှလုံးထဲသို့ ညွှန်းလောင်းတော်မူ၏။”ဟုဆိုသည်။ ရောမ ၅ း ၅

ကျွနု်ပ်တို့အတွင်းရှိ ဘုရားသခင်မေတ္တာတော်သည် အရာရာအားလုံးကို အလုပ်ဖြစ်စေသည်။ အခြားသူများအား အဂ္ဂါပေမေတ္တာမျိုးဖြင့် ချစ်လာနိုင်စေသည်။ ကျွနု်ပ်တို့၏မိတ်ဆွေများကိုလည်း ချစ်လာ နိုင်စေသည်။ ကျွနု်ပ်တို့၏ ဘ၀ လက်တွဲဖော်ကိုလည်း ဘုရားသခင်ရည်ရွယ်ထားသောပုံစံအတိုင်း ချစ်လာ နိုင်စေသည်။ ဤသို့ဖြင့် ကျွနု်ပ်တို့အိမ်သည် ကမ္ဘာပေါ်ရှိကောင်းကင်ဘုံလေးဖြစ်လာနိုင်မည် ဖြစ်သည်။

ကျွနု်ပ်တို့အားလုံးသည် ချစ်ခြင်းမေတ္တာကိုလိုအပ်သည်။

လူတိုင်းသည် သူတို့အတွက် အရေးပါသူတစ်ဦးဦး၏ချစ်မြတ်နိုးခြင်းကို ခံရရန်အလွန်အမင်းလို အပ်သည်။ ဤလိုအပ်ချက်သည် ငယ်ရွယ်သူများ၌ အလွန်ကြီးမားသောကြောင့် သူတို့သည် မှားသောနည်းလမ်းအားဖြင့် အချစ်ကို ရှာကြသည်။

ကျမ်းစာက ““နိုးကြားစွာ သင်၏နှလုံးသားကိုစောင့်ရှောက်ပါ”” ဟုပြောထားသည်။ ဆိုလိုသည်မှာ အရာအားလုံး ထက် သင်၏ချစ်မြတ်နိုးခြင်းများကို စောင့်ထိန်းပါဟူ၍ ဆိုလိုသည်။ တနည်းအားဖြင့် သင်သည် တစုံတဦးနှင့်မျက်ကန်းပမာ အရူးအမူး ချစ်ကျွမ်းဝင်နေစရာမလိုပါ။ အရူးအမူးစွဲလမ်းခြင်း၏ လှုံ့ဆော်မှုကြောင့် မိုက်မဲသောအရာများကို မလုပ်မိ စေရန် အတွက် သင်၏စိတ်နှလုံးကိုစောင့်ထိန်းရမည်။

စစ်မှန်သောအချစ်သည် မျက်ကန်းအချစ်မဟုတ်ပါ။ တစ်စုံတစ်ဦးနှင့်ပါဝင်ပတ်သက်လိုလား၊ မလိုလား ဆိုတာကို သာမန်အသိတရားကိုအသုံးပြု၍ ဆုံးဖြတ်ရွေးချယ်ရမည်။ သင်သည် အချစ်နွံထဲသို့ နစ်သွားစရာမလိုပါ။ သင့်အတွက် မမှန်ကန်သောသူကိုမချစ်မိရန်အတွက် ရွေးချယ်ရမည်ဖြစ်သည်။ အလျင်စလိုမလုပ်ပါနှင့်။ သင်နှင့်သူ့ကြား၌ အဂ္ဂါပေ မေတ္တာရှိ၊ မရှိ ဆုံးဖြတ်ရန်နှင့် အရူးအမူးစွဲလမ်းခြင်း (သို့) ခန္ဓာပိုင်းအရ တပ်မက်ခြင်းပဲလားဆိုတာကို သိနိုင်ရန်အတွက် အချိန်သည် သင်၏အကောင်းဆုံး မိတ်ဆွေဖြစ်သည်။

Peggi ဆီမှ အောက်ပါစာက မိန်းကလေးတစ်ဦး၏အချစ်ကို ရှာပုံတော်ဖွင့်ပုံ၊ သူမလုပ်ခဲ့သော အမှားများ နှင့် နောက်ဆုံး၌ သူမကျားကုတ်ကျားခဲရှာနေသောအချစ်ကို မည်သို့ရှာတွေ့ခဲ့ပုံအကြောင်းကို ပြောပြထားသည်။

Peggi က ဒီလိုစာတစ်စောင်ကို လွန်ခဲ့တဲ့ ၉နှစ်လောက်က ရခဲ့ရင်သိပ်ကောင်းမှာပဲ။ ဒါပေမယ့် မရခဲ့ပါဘူး။ ကျွန်မရဲ့ အတွေ့အကြုံတွေနဲ့ပြည့်နှက်နေတဲ့ ဒီစာကိုရေးရခြင်းအကြောင်းအရင်းကတော့ ယောကျ်ားတစ်ဦးဆီမှ စစ်မှန်တဲ့ အချစ်ကိုရလိုကြတဲ့ ဆယ်ကျော်သက်ကောင်မလေးတွေအတွက်ပဲ ဖြစ်ပါ တယ်။

ချစ်လှစွာသော ဆယ်ကျော်သက်လေးများ၊ ကျွန်မရဲ့ဘေးပတ်လည်မှာ လူတွေဟာ ချစ်ကျွမ်းဝင်နေ အချစ်နဲ့ အတူတူ ဘဝကိုဖြတ်သန်းနေကြပြီး သူတို့ရှာတွေ့ထားတဲ့အချစ်အားဖြင့် ရှင်သန်ကြီးထွားနေတာကို တွေ့ရတဲ့အတွက် ကျွန်မရဲ့အထီးကျန်မှုကို ပိုမိုကြီးထွားစေပါတယ်။ ယခုကျွန်မဟာ ကလေးနှစ်ဦးကို မွေးဖွားထားခဲ့ပြီး တစ်ဦးကို သူတစ်ပါးအားပေးလိုက်ပြီး တစ်ဦးကိုတော့ ပြုစုပျိုးထောင်ပေးဖို့ စတင်ကြိုး ပမ်းနေပါတယ်။

““ကျွန်မလိုချင်ခဲ့တဲ့ တစ်ခုတည်းသောအရာကတော့ ချစ်ခြင်းမေတ္တာပါပဲ။ ကျွန်မ မျှော်လင့်ခဲ့တဲ့ တစ်ခုတည်း သောအရာကတော့ အိမ်တစ်အိမ်နဲ့တစ်ညတာကို ကောင်းမွန်စွာအိပ်ပျော်နိုင်ဖို့ ကျွန်မကိုဖက်ထားမည့် သန်မာတဲ့ လက်တွေ ပါပဲ။ မနက်ခင်းကို ကျွန်မနဲ့အတူကြိုဆိုမယ့်သူတစ်ဦးကိုသာ ကျွန်မလိုအပ် ခဲ့တယ်။””

ကျွန်မ ၁၅ နှစ်အရွယ်ရောက်တော့ နောက်လာမည့် ၉ နှစ်တာဟာ စိတ်ပျက်စရာများ၊ အထီးကျန်မှု များနဲ့ ဝမ်းနည်းစရာများကို ကျွန်မဆီ သယ်ဆောင်လာမယ်ဆိုတာကို ကျွန်မ မသိခဲ့ဘူး။ ယခုအသက် ၂၄ နှစ် အရွယ်မှာလည်း၊ ကျွန်မဟာ တစ်ယောက်တည်းပါပဲ။ သင်ဟာ သူ့အချစ်ကို သင့်ဆီရောက်လာဖို့ စောင့်ဆိုင်းနေစဉ်မှာ၊ ကျွန်မဟာ စောင့်ဆိုင်းခြင်းဆိုတဲ့ မျှော်လင့်ချက်ကို ဖျက်ဆီးခဲ့ပါတယ်။ အကြောင်းမှာ ကျွန်မဟာ ဘယ်တော့မှမစောင့်ဆိုင်းလိုခဲ့ပါဘူး။ ကျွန်မဟာအချစ်ကို အလွန်ဆာလောင်နေခဲ့တာကြောင့် အစောကြီးကတည်းကအချစ်ကို အလျင်အမြန် မြည်းစမ်းခဲ့တဲ့ အတွက် ယခုမှာတော့ အချစ်အနည်းငယ်သာ ကျန်ပါတော့တယ်။

““သင်ချစ်သောသူတစ်ဦးအား “NO” ဟု ပြောလိုက်ခြင်းအားဖြင့် သူကသင့်ကို စွန့်ခွာသွားခြင်းသည် သင့်အတွက် အလွန်နာကျင်ဖွယ်ကောင်းလိမ့်မည်။ သို့သော် သင်က သူ့ကို “YES” ဟုပြောလိုက်ပြီးနောက်၊ သူကသင့်ကိုငြီးငွေ့လာပြီး သူ လက်ထပ်ချင်သောသူသည် သင်မဟုတ်ဟုပြောလိုက်ခြင်းသည် သင့်အတွက် ပို၍ နာကျင်ဖွယ်ကောင်းလိမ့်မည်။ သင်သည် ကျွန်မကို ယုံချင်မှယုံလိမ့်မည်။ သို့သော်ဤအရာဟာ အမှန်ပင်ဖြစ်သည်။

““သင့်ကို အမှန်တကယ်ချစ်သောသူသည် သင်၏ခန္ခာကို အရင်ဆုံးတောင်းဆိုလိမ့်မည် မဟုတ်ပါ။ သူသည် စောင့်ဆိုင်းပြီး သူ့အားလက်ထပ်ရန်အတွက် တောင်းဆိုလိမ့်မည်။ သင့်အတွက် ပြင်ဆင်စီမံပေးရန်နှင့် သင်၏လိုအပ်ချက် များကို ဖြည့်ဆည်းပေးရန်အတွက် ကြိုးစားလိမ့်မည်။ ဤသို့လုပ်ခြင်းအားဖြင့် သင်၏ယုံကြည်မှု စိတ်ချမှုနှင့် သင့် စိတ် နှလုံး၏လျှို့ဝှက်ချက်များကို ရရှိရန်အတွက် သူကြိုးစားလိမ့်မည်။ သင်ပေးသောလက်ဆောင်၏ လှပမှု့ကို သူဟာ တန်ဖိုး ထားပြီး နှစ်ပေါင်းများစွာ သူရှာဖွေနေသော အဖိုးထိုက်သည့် ပုလဲတစ်လုံးကဲ့သို့ ညင်သာမြတ်နိုးစွာ စောင့်ရှောက် လိမ့်မည်။

သင့်ကို သင် တန်ဖိုးထားပါ။ အကြောင်းမှာသင်ဟာ အဖိုးထိုက်သောကြောင့် ဖြစ်သည်။ သင့်ကိုသင် မရောင်းစား ပါနှင့်။ ဆပ်ကပ်အပ်နှံမှု့ရှိ၍ စောင့်ဆိုင်းလိုသော အချစ်မှလွဲ၍ မည်သည့်ဈေးနှုန်းမဆို သင့် အတွက် မထိုက်တန်ပါ။ ဈေးပေါလွန်းလှသည်။ စောင့်ဆိုင်းခြင်းသည် သင့်အတွက် အလွန်ခက်ခဲလိမ့်မည်။ သင့်အတွက်ခက်ခဲခြင်းမှာ သင်ဟာ ငယ်ရွယ်ပြီး ခလေးတစ်ယောက်၏စိတ်မရှည်မှုမျိုးသည် သင့်တွင် ရှိနေသောကြောင့်ဖြစ်သည်။ သည်းခံခြင်းကို သင်ယူပါ။ ဤသို့ သင်ယူခြင်းသည် မိမိကိုယ်ကို စည်းကမ်း ပေးခြင်း၏အစအဦးဖြစ်ပြီး အနှေးနဲ့အမြန် သင်ယူရမည့် သင်ခန်းစာ ဖြစ်သည်။ သင်သည် မြန်နိုင်သမျှ မြန်မြန်သင်ယူလေလေ သင်၏ဝမ်းမြောက်ခြင်းသည် သာ၍ကြီးထွား လေလေ ဖြစ်မည် ဖြစ်ပြီး သင်၏ဝမ်းနည်းမှုမှာမူ သာ၍လျော့နည်းသွားလိမ့်မည်။ ကျွန်မအဲ့ဒါကို ယခုသင်ယူရမှာကို သိပါတယ်။ အစောကြီး ကတည်းက ကျွန်မ သင်ယူသင့်ခဲ့ပါတယ်။

ယခုကျွန်မနဲ့ စိတ်ပျက်စရာအကောင်းဆုံးကိစ္စအကြားမှာ သူတစ်ဦးတည်းသာ ရှိပါတော့တယ်။ ထိုသူမှာ ယေရှုခရစ်ပင်ဖြစ်သည်။ သူသည်ကျွန်မ၏လက်ရှိဖြစ်နေသော ပုံစံကိုပင် ချစ်သည်။ ကျွန်မ အထီးကျန်မှုကို ထင်ဟပ် ဖော်ပြနေသော ကျွန်မ၏ပုံစံဖြစ်သည့် အမာရွတ်များစွဲထင်နေခြင်း၊ ကောက်လိမ်နေခြင်း၊ ကျိုးပဲ့ကြေမွနေခြင်းတို့သည် ကျွန်မ၌ဖြစ်နေစဉ်ပင် သူသည် ကျွန်မကိုချစ်သည်။ သူ၏မျက်စိ၌ ကျွန်မက ငယ်ရွယ် တက်ကြွလန်းဆန်းတဲ့ ကောင်မလေး တစ်ဦးဖြစ်နေဆဲ ဖြစ်ပါတယ်။ ကျွန်မရဲ့မျက်စိတွေဟာ အရောင် တလက်လက်တောက်ပနေပြီး ကျွန်မအပြုံးရဲ့ နောက်ကွယ် မှာလည်း နာကျင်ခြင်းတွေ မရှိဘူးလို့ ဘုရားသခင် က မြင်ပါတယ်။

““သူ့ရဲ့အချစ်ဟာ မပျောက်ကွယ်သွားပါဘူး။ သူ့အချစ်ဟာမနက်တိုင်းကျွန်မနဲ့အတူ နိုးထပြီး ခန်းဆီး ကုလားကို ဖွင့်ကာ နေ့သစ်ကိုကြိုဆိုပါတယ်။ ဤဘဝမှာ ကျွန်မဆုံးရှုံးခဲ့ရတဲ့ ကျွန်မရဲ့ကလေးကို လုံးဝမမြင်ရတော့တဲ့အတွက် ဖြစ်ပေါ် လာတဲ့ ကျွန်မရဲ့နာကျင်မှုတွေကို သက်သာစေပါတယ်။ မိမိ၏ ကိုယ်ကို ရောင်းစားခဲ့ခြင်းကြောင့် ရရှိခဲ့တဲ့ ကလေးကိုလည်း ပြုစုပျိုးထောင်နိုင်စေဖို့ကူညီထောက်ပံ့ပေးပါတယ်။

နောက်ဆုံးမှာ ကျွန်မဟာ မိမိကိုယ်ကို ရောင်းစားခြင်းအားဖြင့် အနိုင်မရနိုင်ဘူးဆိုတာကို သိခဲ့ပါပြီ။ ကျွန်မရဲ့ စွန့်လွှတ် ပူဇော်ခြင်းဟာ အချည်းနှီးလုံးဝမဖြစ်ဘူးဆိုတာကို သေချာစေမည့်သူဟာ ကျွန်မမှာရှိနေပါပြီ။ ကျွန်မဟာ ဘယ်သူလဲ ဆိုတာကို သိတဲ့သူဟာ ကျွန်မမှာရှိနေပါပြီ။ ကျွန်မကို သူကပိုင်ပါတယ်။

ဘုရားသခင်ဆီမှ ချစ်ခြင်းမေတ္တာကို သင်ယူပါ။ လမ်းတွေပေါ်မှာ၊ ကားနောက်ခန်းတွေထဲမှာ အချစ်ကို မသင် ယူပါနှင့်။ ထိုနေရာတွေမှ သင် သင်ယူရရှိမည့် အချစ်ဟာ အဆိပ်တွေသာဖြစ်ပါလိမ့်မည်။ သင့်ရဲ့ သန့်ရှင်းတဲ့အရာတွေဟာ အဆိပ်မိသွားနိုင်ပါတယ်။

ချစ်ခြင်းမေတ္တာ ဖြစ်တော်မူတဲ့ သူဆီမှ စစ်မှန်တဲ့မေတ္တာကို သင်ယူပါ။ သင် အစဉ်အမြဲ မျှော်လင့်နေတဲ့ အရာ အားလုံးရဲ့ အခြေခံအုတ်မြစ်ဟာ ဘုရားသခင်ဖြစ်တယ်ဆိုတာကို သိရှိနိုင်ဖို့ သင်ဟာ ဤအခြေခံအမှန် တရားကို ငုံမိရမည်။ ““ဘုရားသခင်သည် ချစ်ချင်းမေတ္တာဖြစ်တော်မူ၏”” ဤအမှန်တရားကို သိပြီး အမျိုးသမီးဘဝ၏လှပမှုကို ဤအမှန်တရား နှင့် အတူ ရယူနိုင်ပါစေ။

မေးခွန်းများ (မှန်/မှား)

၁။ သာယာပျော်ရွှင်အောင်မြင်သော အိမ်ထောင်တစ်ခု၌ မေတ္တာအမျိုးအစား(၃)ခုရှိရမည်။ ဤချစ်ချင်း မေတ္တာ အမျိုး အစား (၃)ခုကို ပိရမစ်ပုံအားဖြင့် ဖော်ပြနိုင်သည်။

၂။ အဂ္ဂါပေမေတ္တာဆိုသည်မှာ အခြားသူ၏အထွတ်အထိပ်ကောင်းကျိုးအတွက် မိမိကိုယ်ကို စွန့်လွှတ် ပူဇော်သော မေတ္တာမျိုးဖြစ်သည်။

၃။ အဂ္ဂါပေမေတ္တာဆိုသည်မှာ အခြားသူအပေါ်တွင်ခံစားရသော ပြင်းပြသောစိတ်ဆန္ဒကို ဆိုလိုသည်။

၄။ ကျွနု်ပ်တို့ကဲ့သို့ အပြစ်ရှိသောလူသားများအတွက် သားတော်ကိုစွန့်လွှတ် ပူဇော်ခြင်းအားဖြင့် ဘုရားသခင်က သူ၏ အဂ္ဂါပေမေတ္တာကိုပြသခဲ့သည်။

၅။ သင်သည် သင်၏မိသားစုဝင်အား တကိုယ်ကောင်းဆန်ခြင်းကင်းမဲ့စွာ ချစ်ခြင်းအားဖြင့် အဂ္ဂါပေ မေတ္တာကို အိမ်၌ပင် သင်ယူနိုင်သည်။

၆။ အိမ်ထောင်ရေးတစ်ခု၌ ၅၂၈ မေတ္တာကို လုံးဝမလိုအပ်ပါ။

၇။ သင်သည် တစ်စုံတစ်ဦးအား စစ်မှန်စွာချစ်သောအခါ၊ သူလက်ရှိဖြစ်နေသော ဘဝ၌ပင် သူ့ကိုလက်ခံ၍ လေးစား ရိုသေ ချစ်ခင်မည်ဖြစ်သည်။

၈။ လိင်ပိုင်းဆိုင်ရာမေတ္တာဆိုသည်မှာ ယောက်ျားနှင့် ဇနီးအကြားတွင် ရှိသော ထူးခြားကောင်းမွန်သည့် မေတ္တာဖြစ်ပြီး သင်၏ခင်ပွန်းအတွက်သာ ဤအရာကို ထိန်းသိမ်းထားသင့်သည်။

၉။ ကျွန်ုပ်တို့၏ ပိရပစ်တွင်ခိုင်မာသည့် အုတ်မြစ်ကို လိုအပ်ပြီး ထိုအုတ်ဖြစ်မှာ ဘုရားသခင်၏ မေတ္တာတော်ပင်ဖြစ်သည်။

၁၀။ သင့်ကို အမှန်တကယ်ချစ်သောသူသည် သင်၏ကိုယ်ခန္ဓာကို အရင်ဆုံးတောင်းဆိုလိမ့်မည်။ မဟုတ်ပါ။ သူသည် သူ့အားလက်ထပ်ရန်သင့်ကိုစောင့်စား၍ တောင်းဆိုလိမ့်မည်။

ရဲလင်းထွန်း (အင်းစိန်)