2 Thessalonians



နိ​ဒါန်း
ခ​ရစ်​တော်​တစ်​ဖန်​ကြွ​လာ​တော်​မူ​ခြင်း​နှင့်​ပတ် သက်​၍ သက်​သာ​လော​နိတ်​အ​သင်း​တော်​တွင်​မ တည်​မ​ငြိမ်​မှု​ရှိ​နေ​သေး​၏။ သ​ခင်​ဘု​ရား​ကြွ လာ​တော်​မူ​ရာ​နေ့​ရက်​ကျ​ရောက်​ပြီး​ပြီ​ဟူ သော​ယုံ​ကြည်​ယူ​ဆ​ချက်​မှား​ယွင်း​ကြောင်း ကို​တင်​ပြ​ရန် သက်​သာ​လော​နိတ်​သြ​ဝါ​ဒ​စာ ဒု​တိ​ယ​စောင်​ကို​ရှင်​ပေါ​လု​ရေး​သား​ပေ​သည်။ ခ​ရစ်​တော်​တစ်​ဖန်​ကြွ​လာ​တော်​မ​မူ​မီ​ကိုယ် တော်​ကို​အ​တိုက်​အ​ခံ​ပြု​မည့်“သူ​ယုတ်​မာ ကြီး” ဟု​အ​မည်​တွင်​သူ​၏​ဦး​ဆောင်​မှု​ဖြင့် ဆိုး​ညစ်​ယုတ်​မာ​မှု​များ​သည် အ​ဆိုး​ရွား ဆုံး​အ​ခြေ​အ​နေ​သို့​ရောက်​ရှိ​လာ​ရ​ဦး မည်​ဖြစ်​ကြောင်း​သွန်​သင်​၏။
သက်​သာ​လော​နိတ်​အ​သင်း​တော်​ဝင်​တို့​သည် ဆင်း​ရဲ​ဒုက္ခ​အ​မျိုး​မျိုး​တို့​ကို​ခံ​နေ​ရ​သော် လည်း ခ​ရစ်​တော်​ကို​ယုံ​ကြည်​မှု​ခိုင်​မာ​စေ​ရန် လည်း​ကောင်း၊ မိ​မိ​နှင့်​မိ​မိ​၏​လုပ်​ဖော်​ကိုင် ဘက်​များ​ကဲ့​သို့ အ​သက်​မွေး​ဝမ်း​ကျောင်း ရှာ​ဖွေ​လုပ်​ကိုင်​နေ​ကြ​ရန်​လည်း​ကောင်း၊ ကောင်း မြတ်​သော​အ​မှု​တို့​ကို​ဆောင်​ရွက်​ရာ​တွင်​ဇွဲ လုံ့​လ​ရှိ​ကြ​ရန်​လည်း​ကောင်း တ​မန်​တော် ကြီး​က​အ​လေး​အ​နက်​တိုက်​တွန်း​ပေ​သည်။

အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်
နိ​ဒါန်း ၁:၁-၂
ချီး​ကူး​စ​ကား​ပြော​ကြား​ခြင်း ၁:၃-၁၂
ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​ခြင်း​အ​ကြောင်း​နှင့် ပတ်​သက်​သော​သွန်​သင်​ချက် ၂:၁-၁၇
ခ​ရစ်​ယာန်​ပြု​မူ​ကျင့်​ကြံ​မှု​နှင့်​ပတ်​သက်​၍ တိုက်​တွန်း​နှိုး​ဆော်​ခြင်း ၃:၁-၁၆
နိ​ဂုံး ၃:၁၇-၁၈
This is a follow-up to Paul’s first correspondence to the Thessalonian church. Apparently, the church was still confused about the Lord’s second coming. Paul provides additional details regarding the timing of that event (the son of perdition must come first and lead many into deception) and encourages the members of the church not to be idle. (from – https://biblestudyblueprint.com/synopsis-of-bible-books/)